A d v e r t i s e m e n t With Us

စပိန် ကားပြိုင်ပွဲ လူ ၆ ဦးသေ

စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ကားပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ကားတစီးလမ်းချော်ပြီး ဘေးထွက်သွားရာကနေ လူ ၆ ဦး သေဆုံးသွားပါတယ်။ ဂလာစီယာခရိုင်က ကာရယ်မြို့အနီး စက်တင်ဘာ ၅ ရက်က အေကော်ရုညာ ကားပြိုင်ပွဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ပါဝင်သလို လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကားသမားကတော့ ဒဏ်ရာရရှိခြင်းမရှိဘူးလို့ ဒေသခံ သတင်းတွေက ဆိုပါတယ်။ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားက လမ်းပေါ်ကနေထွက်ပြီး ပွဲကြည့် ပရိသတ်တွေကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။ စပိန်ဝန်ကြီးချုပ်ကလည်း ဒီဖြစ်ရပ်အတွက် စိတ်မကောင်းဘူးလို့ လူမှုရေးကွန်ရက်တွစ်တာကနေ တဆင့်ရေးသားခဲ့ပါတယ်။ ဒီကားပြိုင်ပွဲမှာ လူ ၁၄၀ ပါဝင် ယှဉ်ပြိုင်ကြတာ ဖြစ်ပြီး လက်ရှိမှာတော့ ကားပြိုင်ပွဲကို ရပ်ဆိုင်းထားပါတယ်။ ဂလာစီယာခရိုင် တာဝန်ရှိသူတွေက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up