Home
မြန်မာသတင်း
ကလေး ရေဘေးကယ်ဆယ်ရေး မောင်းသူမဲ့လေယာဉ်ဖြင့် ကူညီနေဟုဆို
DVB
·
September 6, 2015
11056567_10204407630622762_6168048018759813128_n-622x467
မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်က မောင်းသူမဲ့လေယာဉ်အသုံးပြုပြီး ကလေးမြို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးက ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၄ ရက်က ကလေးမြို့ရှိ နည်းပညာတက္ကသိုလ်(ကလေး) မှာ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလိုပြောကြားခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကလေးမြို့ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ရှိ Aerial Survey Team အဖွဲ့က  မောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုပြီး ကလေးမြို့ရှိ ရေဘေးသင့်ဒေသတွေကို ကောင်းကင်ဓာတ်ပုံရိုက်၊ မြေပုံထုတ်၊ Survey တိုင်းတာတဲ့လုပ်ငန်းတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ နည်းပညာတက္ကသိုလ် (ကလေး) ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာ အချက်အလက်တွေနဲ့ ရေဘေးသင့်ဒေသရှိ ပြည်သူတွေကို ကူညီထောက်ပံ့ ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို ပြန်လည်ရှင်းပြခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024