လေယာဉ်ဖြင့် ကိုကင်းသယ်သည့် ပီရူးလေယာဉ်မှူးကို ဖမ်းဆီး (ရုပ်သံ)

1.8K
ပီရူးလေတပ်ရဲ့ လေယာဉ်မှူးတဦး မောင်းလာတဲ့ ကိုကင်းပေါင်ချိန် ၈၀၀ သယ်လာတဲ့ အသေးစား လေယာဉ်တစီး ဘိုလီးဗီးယား လေပိုင်နက်ထဲမှာ ကြားဖြတ်ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက မီဒီယာကို စက်တင်ဘာ ၄ ရက်က ပြောပါတယ်။
လေယာဉ်ကို လာပဲ့ဇ်မြို့ အင်ကွီစီဗီခရိုင်မှာ ဟန့်တားခဲ့ပြီး လေယာဉ်မှူးကို တရား စွဲထားပါတယ်။
လေယာဉ်ပေါ်မှာ တခြားသူကို မတွေ့ပေမယ့် အာဏာပိုင်တွေကတော့ မူးယစ်ကုန်ကူးမှု လုပ်ငန်းအတွင်း တခြားလူတွေ ပါဝင်ပတ်သက်မယ်လို့ ယုံကြပါတယ်။
ကြက်ခြေခတ် ၃ ခုလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးအတွင်း ကိုကင်း ပေါင်ချိန် ၈၀၀ ကို လာပဲ့ဇ်တိုင်းမြောက်ပိုင်းမှာ သိမ်းမိတာလို့ ပြည်ထဲရေးဝန်ကြီး ကားလော့စ် ရိုမရိုက ပြောပါတယ်။
ဒီမူးယစ်ဆေးတွေကို အာဂျင်တီးနားကိုပို့မယ်လို့ အာဏာပိုင်တွေက ယုံကြည်ကြ ပါတယ်။