မန္တလေးတွင် မီးလောင်၊ နေအိမ် ၅ လုံးခန့် ဆုံးရှုံး (ဓာတ်ပုံ)
DVB
·
September 6, 2015
မန္တလေးမြို့ ၇၉ လမ်း၊ ၃၆ နဲ့ ၃၇လမ်းကြားမှာ စက်တင်ဘာ ၆ ရက်နေ့ မနက် ၈ နာရီခွဲလောက်က မီလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် အနည်းဆုံး ၅ လုံးခန့် ဆုံးရှုံးခဲ့ပြီး လူထိခိုက် ဒဏ်ရာရတာတော့ မရှိပါဘူး။
မီးသတ်ကား တမြို့လုံးနီးပါး ရောက်ရှိလာခဲ့ပြီး ၉ နာရီကျော်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ကျော်ဇေ၊ ငြိမ်းမိုးနောင်