နှစ်ချီ လိင်ပိုင်းအလွဲသုံးစား လုပ်ခံရသူကို အမေရိကန်တွင် နေထိုင်ခွင့်ပြု (ရုပ်သံ)

မက္ကဆီကိုနိုင်ငံတွင်းမှာ နှစ်ချီပြီး လိင်ပိုင်း ရုပ်ပိုင်း အလွဲသုံးစား လုပ်တာခံခဲ့ရတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတဦးကို အမေရိကန်နိုင်ငံမှာ ဆက်နေခွင့်ပြုဖို့ ကယ်လီဖိုးနီးယားပြည်နယ်က တရားရုံးက အမိန့်ချလိုက်ပါတယ်။ လတ်တလော မက္ကဆီကိုမှာ ပြဋ္ဌာန်းလိုက်တဲ့ ခွဲခြားဖိနှိပ်မှု ဆန့်ကျင်ရေး ဥပဒေက မက္ကဆီကိုမှာ လိင်ခွဲစိတ်ပြုပြင်ထားတဲ့သူတွေအတွက် ပိုဘေးကင်းအောင် ကာကွယ်နေပြီ ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေး ဘုတ်အဖွဲ့ရဲ့ အဆိုပြုချက်ကို တရားသူကြီးတွေက သဘောမတူခဲ့ပါဘူး။ မက္ကဆီကိုနိုင်ငံ အောက်ကာစာပြည်နယ်မှာ ကြီးပြင်းခဲ့တဲ့ ဟာနန်ဒဲ့ဇ်ဟာ ယောက်ျားလေးအဖြစ် မွေးခဲ့ပေမယ့် သူ့ကိုယ်သူ မိန်းကလေးလို့ ခံယူထားတာကြောင့် ရိုက်နှက်တာ၊ လိင်ပိုင်းစော်ကားတာနဲ့ အဓမ္မပြုကျင့်တာတွေကို နှစ်ချီခဲ့ခဲ့ရတယ်လို့ ယုံကြည်ပါတယ်။ သူဟာ အမေရိကန်မှာ နေထိုင်တုန်း စည်းကမ်းမလိုက်နာဘဲ ကားမောင်းမှု ၂ မှုနဲ့ တရားစွဲခံရအပြီး ၂၀၀၆ ခုနှစ်က မက္ကဆီကိုကို ပြန်ပို့ခံရဖူးပါတယ်။ ပြန်ရောက်ချိန်မှာ မက္ကဆီကို ရဲအရာရှိတွေလက်ထဲမှာ အလွဲသုံးစားလုပ်တာနဲ့ စော်ကားတာကို ပိုခံရတဲ့အတွက် ၂၀၀၈ မှာ အမေရိကန်ကို ပြန်လာခဲ့ပါတယ်။ ၃ နှစ်အကြာမှာ ညှဉ်းပန်း နှိပ်စက်မှု တိုက်ဖျက်ရေး ကုလသမဂ္ဂ သဘောတူညီချက်အောက်မှာ သက်ညှာခွင့်ရရေး အသနားခံခဲ့ပါတယ်။ လောလောဆယ်မှာတော့ ကာလီဖိုးနီးယားပြည်နယ် အောရိန့်ခ်ျမြို့နယ်အတွင်း သူ့လိုပဲ လိင်ခွဲစိတ်ပြုပြင်ထားတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အတော်များများဟာ ပြန်ပို့ခံရမယ့် အရေးအတွက် တရားရုံး ကြားနာမှုတွေကို စောင့်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up