ရွန်နီ၏ စံချိန်သစ်နှင့်အတူ အင်္ဂလန်က ဆန်မာရီနိုကို ၆ ဂိုးပြတ်နိုင် (ရုပ်သံ)

4.2K
စက်တင်ဘာ ၅ ရက်နေ့က ဆန်မာရီနိုနဲ့ ကန်တဲ့ပွဲမှာ ၁ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အသင်းခေါင်းဆောင် ရွန်နီဟာ အင်္ဂလန်အသင်းအတွက် ၄၉ ဂိုးသွင်းပေးထားတဲ့ ဆာဘော်ဘီချာတန်ရဲ့ စံချိန်နဲ့ တူညီသွားပြီ ဖြစ်ပါတယ်။
ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် ဆန်မာရီနိုနဲ့ ပွဲစဉ်မှာ အင်္ဂလန်က ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး ပင်နယ်တီကတဆင့် အင်္ဂလန်အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။
“ဆာဘော်ဘီချာတန်ရဲ့စံချိန်နဲ့ တူညီသွားခဲ့တာ အရမ်းဂုဏ်ယူမိပါတယ်။ လာမယ့် အင်္ဂါနေ့ ကန်မယ့်ပွဲမှာ အသင်းအနိုင်ရဖို့နဲ့ ကျနော် ဂိုးထပ်သွင်းပြီး စံချိန်သစ်တခု တင်နိုင်ဖို့ကို ကျနော် ကြိုးစားမှာပါ” လို့ ရွန်နီက ပြောပါတယ်။
လက်ရှိမှာ ရွန်နီနဲ့ ဆာဘော်ဘီချာတန်တို့က ၄၉ ဂိုးနဲ့ အင်္ဂလန်အတွက် အများဆုံး သွင်းယူပေးထားသလို ပြိုင်ဘက်အသင်းတွေရဲ့ ကိုယ့်ဂိုးကိုယ်သွင်းပေးတာကလည်း ၄၉ ဂိုးအထိ ရှိနေပါတယ်။
အဲဒီနောက်မှာတော့ ဂယ်ရီလိုင်နီကာက ၄၈ ဂိုး၊ ဂျင်မီဂရေ့က ၄၄ ဂိုး၊ မိုက်ကယ်အိုဝင်က ဂိုး ၄၀ သွင်းယူပေးထားပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စု ဒီ မှာ ကစားပြီးတဲ့ ခုနှစ်ပွဲလုံး အနိုင်ရထားပြီး ၂၁ မှတ်နဲ့ ဦးဆောင်နေသလို ပြင်သစ်မှာ ကျင်းပမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မယ့် ပထမဆုံး အသင်း ဖြစ်လာပါတယ်။