A d v e r t i s e m e n t With Us

ဝန်ကြီးကြောင့် ကော့သောင်းပြည်သူများ ကျန်းမာရေးအရ နစ်နာ

ပြည်သူလူထု​ကောင်း​ကျိုး​ကို အ​ရေး​မထားဘဲ နိုင်ထက်စီး​နင်း​ အာဏာပြချင်တာသာသိတဲ့​ တနင်္သာရီတိုင်း​ ဝန်ကြီး​ချုပ် ခင်​ဇော်ရဲ့​ အ​မြော်အမြင်နည်း​တဲ့​လုပ်ရပ်​ကြောင့်​ ကျန်း​မာ​ရေး​စောင့်ရှောက်ခံရမှုနစ်နာရတဲ့​ ပြည်သူ​တွေအတွက် ​ဆောင်ရွက်​ပေးပါဦး​။ ဧပြီ ၂၄ ရက်တုန်း​က တနင်္သာရီတိုင်း​ ​ကော့​သောင်း​ပြည်သူ့​ဆေး​ရုံကြီး​မှာ သွေးလှူဘဏ်ပြုလုပ်ဖို့​ သံဃာ​တော် ​တွေ​၊​ ဌာနဆိုင်ရာ အကြီး​အကဲတွေ၊​ ရပ်မိရပ်ဖတွေ၊​ ​စေတနာရှင်​သွေး​လှူရှင်တွေကို ​ ဖိတ်ကြား​ခဲ့​ပါတယ်။ ဖိတ်ကြား​ခံရတဲ့​ ​စေတနာရှင် ​သွေးလှူအဖွဲ့​မှာ အမျိုးသား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်​သွေး​လှူကွန်ရက်မှ လူငယ်​သွေး​လှူရှင်​တွေလည်း​ ပါဝင်ခဲ့​လို့​ဆိုပြီး​ ကြံ့​ခိုင်​ရေး​အဖွဲ့​မှ ​ဌေး​ဝင်း​ဆိုသူမှ တိုင်း​ဝန်ကြီး​အဖွဲ့​ကို တိုင်ကြား​ခဲ့​ပါတယ်။ တိုင်းညွှန်ကြား​ချက်အရဆိုပြီး​ အဲဒီအစည်း​ဝေး​ကျင်း​ပခါနီး ​ဆဲဆဲ​လေး​မှာမှ ဖျက်သိမ်း​ခဲ့တဲ့​အပြင် သမား​တော် ​ဒေါက်တာဝင်း​နိုင်ကိုလည်း​ ငါ့​တိုင်း​ထဲမှာ မမြင်ချင်ဘူး​ဆိုပြီး​ ဝန်ကြီး​ချုပ် ဦးခင်​ဇော်မှ မတရား​အာဏာပြကာ ​ပြောင်း​ရွှေ့​မိန့်​ ထုတ်ခဲ့​ပါတယ်။ တကယ်​တော့​ သမား​တော် ​ဒေါက်တာဝင်း​နိုင်ဟာ သူတာဝန်ကျရာမြို့​တွေမှာ ​သွေးလှူဘဏ် တွေကို အ​ကောင်အထည်ဖော်တဲ့​ အစဉ်အလာရှိသူ ဆရာဝန်ဖြစ်ပြီး​ လူနာ​တွေအ​ပေါ်မှာလည်း​ ​စေတနာအပြည့်​နဲ့​ကုသ​ပေး​တတ်တဲ့​ ဆရာဝန်​ကောင်း​တ​ယောက်လည်း​ ဖြစ်ပါတယ်။ ​ကော့​သောင်း​မှာလည်း​ ​သွေး​အတွက် အခက်အခဲ ဖြစ်​နေ​တဲ့​ ​ လူနာတွေ​အတွက် ​ဖြေရှင်း​ပေး​လို​သော​စေတနာနဲ့​သာ ပြုလုပ်တာ ဖြစ်ပါတယ်။ ဝန်ကြီး​ချုပ်ခင်​ဇော်က ဆရာဝန်ကြီး​​ ကို အငြှိုး​အာဃာတနဲ့​ အ​ရေး​ယူ​ဆောင်ရွက်လိုက်တဲ့​လုပ်ရပ်ဟာ နိုင်ငံ​တော်က တမျိုး​သား​လုံး​ ကျန်းမာကြံ့​ခိုင်​ရေး​ကို ဦး​တည် လုပ်​ဆောင်​နေတယ်ဆိုတဲ့​ နိုင်ငံ​တော်ကျန်း​မာ​ရေး​ဆိုင်ရာမူဝါဒနဲ့​ ဆန့်​ကျင်ဘက် ဖြစ်​နေပါတယ်။ ကော့​သောင်း​မြို့​နယ်အတွက်လည်း​  ဆရာဝန်​ကောင်း​တဦး​ ဆုံး​ရှုံး​​ရမယ့်​ အ​ခြေအ​နေကို​ရောက်​နေပြီး​ အများ​ပြည်သူ လူနာတွေ​အတွက် အ​ရေး​တကြီး​လိုအပ်​နေတဲ့​ ​သွေးလှူဘဏ်တခုလည်း​ ဆုံး​ရှုံး​ခဲ့​ရပါတယ်။ ဒါ​ကြောင့်​ အဲဒီဖြစ်ရပ်ကို နိုင်ငံ​တော်အကြီး​အကဲတွေ​အ​နေနဲ့​ အချိန်မီ အ​ရေး​ယူ​ဆောင်ရွက်​ပေး​ပါလို့​ အသိ​ပေး​အပ်ပါတယ်။ ကော့​သောင်း​မြို့​ခံတဦး

A d v e r t i s e m e n t With Us

More News
Up