ရ၀မ်ဒါတွင် လူဝံပေါက်စလေးများ ကင်ပွန်းတပ် အမည်ပေးပွဲကျင်းပမည် (ရုပ်သံ)

2.3K
ရ၀မ်ဒါနိုင်ငံမှာ ဂေါ်ရီလာလူဝံပေါက်စလေး ၂၄ ကောင်ကို အမည်ပေးကင်ပွန်း တပ်ပွဲကို ဒီနေ့ ကျင်းပတော့မှာဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်ကစပြီး ရ၀မ်ဒါအစိုးရဟာ သဘာဝပတ်ဝန်းကျင်နဲ့တောရိုင်းတိ ရစ္ဆာန်ထိန်းသိမ်း ကာကွယ်မှုလုပ်ငန်းတွေမှာ ပြည်သူတွေပါဝင်လာရေး နှိုးဆော်ဖို့ ခုလို ကျင်းပရတာလို့ စီစီတီဗွီသတင်းတပုဒ်မှာဖော်ပြပါတယ်။
ရ၀မ်ဒါနိုင်ငံရဲ့စီးပွားရေးဟာ ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် မှီခိုနေရတာဖြစ်ပြီး ဒေသတွင်း ပျက်စီးယိုယွင်းနေတဲ့ ဂေဟဗေဒစနစ်ကိုဖွံ့ဖြိုးတိုးတက်အောင် ပြန်လည်ထိန်း သိမ်းဖို့ ပြည်သူတွေကို အသိပညာပေးနိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။
မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ ရ၀မ်ဒါနိုင်ငံမှာ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ ခုနစ်နှစ်တာကာလအတွင်း ဂေါ်ရီလာလူဝံကောင်ရေ ၂၆ ဒဿမ ၃ ရာခိုင်နှုန်းရှိခဲ့တာပါ။
အခုကျင်းပမယ့်ပွဲတော်ဟာ နိုင်ငံတကာခရီးသွားဧည့်သည် ၂ သောင်းလောက်ကို ဆွဲ ဆောင်နိုင်လိမ့်မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ ရိုးရာနာမည် ကွီတာအစ်ဇီးနာလို့အ မည်ပေးထားတဲ့ တွစ်တာစာမျက်နှာ https://twitter.com/kwitaizina မှာလေ့လာနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။