ယူရိုခြေစစ်ပွဲ ဂျာမနီ ၃-၁ ပိုလန် (ရုပ်သံဟိုက်လိုက်)

1.9K
ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် ဂျာမနီနဲ့ ပိုလန်တို့ စက်တင်ဘာ ၄ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂျာမဏီက ၃-၁ ဂိုး နဲ့ အနိုင်ရရှိသွားပါတယ်။
ဂျာမနီအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်းနှုန်းနဲ့ ပိုလန်အသင်းကို ဖိကစားသွားနိုင်ခဲ့ပါတယ်။
ပွဲစလို့ ၁၁ မိနစ်ခွဲမှာ ဂျာမနီအတွက် သောမတ် မူလာက အဖွင့်ဂိုး၊ ၁၈ မိနစ်မှာ မာရီယို ဂိုဇာက ဒုတိယ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။
၃၆ မိနစ်မှာ ပိုလန်အသင်းအတွက် လီဝန်ဒေါ့စကီးက ချေပဂိုး ၁ ဂိုး ပြန်သွင်းပါတယ်။ ပွဲပြီးခါနီး ၈၂ မိနစ်မှာ ဂျာမနီအတွက် မာရီယိုဂိုဇာက နောက်ထပ်အနိုင်ဂိုး သွင်းခဲ့ပြီး ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။