ကမ္ဘာ့ အရပ်အပုဆုံး လူသား ကွယ်လွန်
ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အရပ်အပုဆုံး လူသားဖြစ်တဲ့ နီပေါနိုင်ငံသား ချန်ဒရာဒန်ဂီဟာ စက်တင်ဘာလ ၄ ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ အိုင်တီဗွီသတင်းမှာ ဖော်ပြပါတယ်။
အရပ်အမြင့် ၁ ပေ ၉ဒဿမ ၅ လက်မအမြင့်ရှိတဲ့ ဒန်ဂီဟာ အမေရိကန်ဆမိုအာ ရှိဆေးရုံမှာ အဆုတ်ယောင်ရောဂါကိုကုသဖို့ ပြီးခဲ့တဲ့ သီတင်းပါတ်က တက်ရောက်ခဲ့တာဖြစ် ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိနေပါပြီ။
၂၀၁၂ ခုနှစ်မှာ ဒန်ဂီဟာ သက်ရှိထင်ရှား ကမ္ဘာ့အရပ်အပုဆုံးလူသားအဖြစ် သူ့အ ရင် သူ့ထက် အရပ်လက်မ၀က်ပိုပုတဲ့ အိန္ဒိယနိုင်ငံသား ဂိုမိုဟာမက်ဆီကနေ လက်လွှဲရယူ ခဲ့တာဖြစ်ပါတယ်။
၂ နှစ်ကြာပြီးတဲ့နောက်မှာ သူဟာ အရပ်အမြင့် ၈ ပေ ၂ လက်မရှိတဲ့ တူရကီနိုင်ငံ သား ကမ္ဘာ့အရပ်အရှည်ဆုံးလူသား စူလ်တန်ကိုဆန်နဲ့ လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းရဲ့ ထုတ်ပြန်ချက်တခုမှာတော့ ခုလို ဒန်ဂီ ကွယ်လွန်သွားတဲ့ အတွက် များစွာဝမ်းနည်းရကြောင်း ဖော်ပြထားပါတယ်။