ဂင်းနစ်မှတ်တမ်း စာအုပ်တွင် ပါဝင်တော့မည့် မော်ရင်ဟို

2.8K
၂၀၁၆ ခုနှစ် ထုတ်ဝေမယ့် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုရဲ့ ကလပ်အသင်း ၄ ခုမှာ ရရှိခဲ့တဲ့ စံချိန်မှတ်တမ်း ၅ ခုကို ထည့်သွင်းဖော်ပြမှာဖြစ်ပါတယ်။
သူဟာ နည်းပြတစ်ယောက်အနေနဲ့ အိမ်ကွင်း အချိန်အကြာဆုံး ရှုံးပွဲမရှိ စံချိန်ကို ရရှိထားပြီး ၉ နှစ်တာကာလအတွင်း ကလပ်အသင်းလေးခုမှာ အိမ်ကွင်း ၁၅၁ ပွဲ ရှုံးပွဲမရှိခဲ့ပေါဘူး။ ပေါ်တိုနှင့် အင်တာအသင်းတို့ ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ မတူညီတဲ့ ကလပ်အသင်းတွေနဲ့ ချန်ပီယံလိဂ်ကို ဆွတ်ခူးရရှိခဲ့တဲ့ နည်းပြ ၅ ဦးထဲမှာ တဦးအပါ အ၀င် အဖြစ်လည်း ဂင်းနစ်စာအုပ် မှာ မှတ်တမ်းဝင်ခဲ့ပါတယ်။
မော်ရင်ဟိုမှာ အသက်အငယ်ဆုံး ချန်ပီယံလိဂ် ပွဲ ၁၀၀ ပြည့်မြောက်တဲ့ စံချိန်ကိုလည်း ရရှိခဲ့ပါတယ်။
ချန်ပီယံလိဂ် ပွဲပေါင်း ၁၀၀ ပြည့်မြောက်တဲ့ အချိန်မှာ သူရဲ့ အသက်ဟာ ၄၉ နှစ် နဲ့  ၁၂ ရက်ဖြစ်ပါတယ်။
၂၀၀၄-၀၅ ဘောလုံးရာသီက ချဲလ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ဗိုလ်စွဲချိန်မှာ ရရှိတဲ့ ၉၅ မှတ်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စံချိန်တင်အမှတ်ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်း အိမ်ကွင်းမှာ ရှုံးပွဲမရှိ အောင် အများဆုံးရရှိအောင် စွမ်ဆောင်နိုင်တဲ့ ပရီမီယားလိဂ်စံချိန်ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။