A d v e r t i s e m e n t With Us

စွန့်ပစ်ခံကလေးငယ် ခွေးမကြီးနို့ကို သောက်ပြီး အသက်ရှင် (ရုပ်သံ)

ချီလီနိုင်ငံမှာ စွန့်ပစ်ခံထားရတဲ့ အသက် ၂ နှစ်အရွယ် ကလေးလေးတဦးဟာ ခွေးမကြီးရဲ့ နို့ကို သောက်ရင်း အသက်ရှင်နေတာကို အိမ်နီးချင်းတွေက တွေ့ရှိခဲ့ကြပါတယ်။ လမ်းလျှောက်စမ်းခါစအရွယ် ကလေးလေးကို အရာရှိတွေက အာရီကာ ဒေသထဲက  ကားအဟောင်းတွေ စွန့်ပစ်ရာနေရာမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အခြေအနေကို သွားကြည့်ခဲ့တဲ့ အရာရှိ ဒေးဂိုး ဂါဂျာဒိုက ကလေးဟာ စွန့်ပစ်ခံထားရတဲ့ ပုံစံမျိုးဖြစ်ပြီး ခွေးမကြီးရဲ့ နို့ကို စို့ရင်းနဲ့ အသက်ရှင်နေရရှာတယ်လို့ ပြောပြပါတယ်။ ငတ်ပြတ်နေတဲ့ ကလေးက ကိုယ်ဝန်ဆောင် ခွေးမကြီး နို့ကို စို့နေတာကို တွေ့ခဲ့ရတာ အလွန်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လည်း အိမ်နီးချင်း လောရီ အက်ကူဒါရိုက ပြောပါတယ်။ ကလေးလေးရဲ့ ဇာတ်လမ်းကြောင့် ချီလီမှာ လူတွေ ဒေါသထွက်စရာ ဖြစ်ခဲ့ကြပြီး အရာရှိတွေက ကလေးကို စောင့်ရှောက်ပေးဖို့ ခေါ်ယူသွားပါတယ်။ ချီလီ ကလေးငယ်စောင့်ရှောက်ရေးအဖွဲ့က မာစီလာ လပ်ဘရာနာက ဥရောပ ကမ်းခြေမှာ ပြောင်းရွှေ့အခြေချတဲ့ မိသားစုထဲက  ရေမြုပ်သေတဲ့ ကလေးတဦးရဲ့ အလောင်းကို တွေ့ရကြောင်း၊ ချီလီမှာ နေ့ချင်းကြောင်တောင် လူမဆန်တဲ့ အခြေအနေကို မြင်တာပဲလို့ ပြောပါတယ်။ အစိုးရစာရင်းအရ ချီလီမှာ ကလေးငယ် ၃၄၀၀၀ ကို အစိုးရက စောင့်ရှောက်ထားရတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ စွန့်ပစ်ခံရတဲ့ ကလေးငယ် ၁၆၀၀၀ ရှိမယ်လို့လည်း  ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up