A d v e r t i s e m e n t With Us

အမေရိကန် နှင့် ပြင်သစ်တို့ အနိုင်ရသွားသည့် နိုင်ငံတကာခြေစမ်းပွဲ (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၄ ရက်နေ့က ဝါရှင်တန် ဒီစီမှာ ကစားခဲ့တဲ့  နိုင်ငံတကာချစ်ကြည်ရေး  ပြိုင်ပွဲ မှာ အမေရိကန်က ပီရူးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့  အနိုင်ရရှိသွားပါတယ်။ ပီရူးအသင်းက မိနစ် ၂၀ မှာ အဖွင့်ဂိုး စသွင်းခဲ့ပြီး ဒုတိယ ပိုင်း ၅၈ မိနစ်မှာ အမေရိကန်က ပင်နယ်တီရပါတယ်။ အယ်တီဒိုး ကန်သွင်းတဲ့  ပင်နယ်တီကို ဂိုးသမားက ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ထွက်လာတဲ့ဘောလုံးကို အယ်တီဒိုးက  ပြန်ကန်နိုင်ခဲ့လို့ အမေရိကန်က ခြေပဂိုးရခဲ့ပါတယ်။ ၆၉  မိစန်မှာတော့ အယ်တီဒိုးကပဲ ပီရူးနောက်တန်းလူတွေ ပိတ်ထားတဲ့ကြားက အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အမေရိကန်အသင်းဟာ  ၈ ရက်နေ့မှာတော့ ဘရာဇီးလ်အသင်းနဲ့ ဘောစတန်ကွင်းမှာ ကစားကြမှာဖြစ်ပါတယ်။ ပေါ်တူဂီမှာ ကစားတဲ့   ပေါ်တူဂီနဲ့ ပြင်သစ်တို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာတော့ ပြင်သစ် က ၁ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပြင်သစ်အသင်းဟာ ဘောလုံးပိုင်းဆိုင်မှု ၅၈ ရာခိုင်နှုန်းရှိပြီး ပွဲပီးခါနီး ၈၄ မိနစ် မှာ  ဘန်ဗွေနာက ဖရီးကစ်ကနေ ပြင်သစ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up