A d v e r t i s e m e n t With Us

သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ တွေ့ဆုံ

သမ္မတဦးသိန်းစိန်နှင့်တရုတ်သမ္မတ
တရုတ်သမ္မတ ရှီကျင်ပင်းဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒီကနေ့ ဘေဂျင်းမြို့မှာတွေ့ဆုံပြီး မြန်မာရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး အကူအညီတွေဆက်ပေးဖို့ ကတိပေးပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ စက်တင်ဘာ ၃ ရက်က ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးအောင်ပွဲနဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၇၀ ပြည့်ပွဲကို တက်ရောက်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေစဉ် သီးသန့်တွေ့ဆုံခဲ့တာပါ။ တရုတ်နိုင်ငံမှာကျင်းပတဲ့ အခမ်းအနားကို မြန်မာသမ္မတ ပါဝင်တက်ရောက်ခဲ့တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို အထူးလေးပေးတာ ပေါ်လွင်တဲ့အကြောင်း ဒုတိယကမ္ဘာစစ်တုန်းက တရုတ်နိုင်ငံဟာ ကမ္ဘာ့အရှေ့ပိုင်းရဲ့ အဓိက စစ်မြေပြင်ဖြစ်ခဲ့သလို မြန်မာနိုင်ငံဟာလည်း အာရှမှာ အရေးပါတဲ့ စစ်မြေပြင်တခုဖြစ်ခဲ့တယ်လို့  တရုတ်သမ္မတက ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးက ပြည်သူတွေဟာ ဒုတိယကမ္ဘာစစ်အောင်ပွဲအတွက် တကယ့်ကို  ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြတဲ့အကြောင်းနဲ့ တရုတ်နဲ့ မြန်မာဟာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေမှာ အတူရှိကြသလို အပြန်အလှန်ကူညီခဲ့ကြတဲ့ ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းတွေဖြစ်တယ်လို့လည်း ပြောပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံအနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကျူးကျော် တိုက်ခိုက်မှုတွေ ခံခဲ့ရပြီး မြန်မာ ပြည်သူလူထုက တော်လှန်တိုက်ပွဲဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှာ အခမ်းအနား လာတက်ရတာဟာ ဒီသမိုင်းဖြစ်ရပ်ကို အမှတ်ရစေရန်ဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အလေးထားမှုကို အများသိရှိစေဖို့  လာရောက်တာဖြစ်တယ်လို့ပြောပါတယ်။ ဒြါ့ပင် မြန်မာနိုင်ငံကို ကာလရှည်ကြာ အကူအညီတွေ အမြောက်အမြားပေးခဲ့တာ အထူးသဖြင့် လတ်တလောရေဘေးမှာ  ကယ်ဆယ်ရေးအကူညီတွေ အချိန်မီပေးခဲ့တဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း မြန်မာသမ္မတက ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up