ယူကရိန်းတောမီး သစ်တောဟက်တာ ၃၀ နီးပါး ပျက်စီး (ရုပ်သံ)

ယူကရိန်းနိုင်ငံမှာ မကြုံစဘူး ထူးထူးကဲကဲ ပူနေတဲ့ ရာသီဥတုကြောင့် တောမီးတွေ လောင်နေလို့ မြို့တော် ကိယက်ဗ်နားက သစ်တော ဟက်တာ ၃၀ နီးပါး ပျက်စီးခဲ့ပါတယ်။
မီးက စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းမှာ စလောင်ခဲ့ပြီး မြို့ပတ်လည်က သစ်တောတွေဆီ အမြန်ကူးစက်ခဲ့တာပါ။
အနီးအနား တောင်ကုန်းတွေက မီးခိုးတွေ မြို့လယ်ထိ ရစ်သိုင်းနေတာ မြင်ရပါတယ်။
ညက အပူချိန်ကျပြီး စိုထိုင်းဆတိုးလာတယ်၊ မီးလောင်ရာက လေထဲက ကြပ်ခိုးတွေနဲ့ တွေ့တော့ ခုလို သဘာဝအတိုင်း မီးခိုးတွေ ဖြစ်လာတယ်လို့ ယူကရိန်း အရေးပေါ် ဝန်ဆောင်မှုအဖွဲ့ ဥက္ကဋ္ဌ မိုင်ကိုလာ ချေချုပ်ကင်က ပြောပါတယ်။
မီးက ညနေ လေးနာရီလေးဆယ်မိနစ်လောက်က လောင်ခဲ့ပြီး မီးသတ်သမားတွေက နာရီပိုင်းအတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
နေ့ခင်းက ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ပူနေပေမယ့် ညမှာ လေအေးစီးကြောင်း ရောက်လာခဲ့လို့ အပူချိန်က ၁၀ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ကျသွားခဲ့တဲ့အတွက် မီးကိုထိန်းချုပ်ရာမှာ အကူအညီ ဖြစ်ခဲ့တာပါ။
မီးသတ်သမားတွေ၊ သစ်တောစိုက်သူတွေနဲ့ လုပ်အားပေးသူတွေက ဝိုင်းပြီး မီးကို အပြီးသတ် ငြှိမ်းသတ်ခဲ့ပါတယ်။
ဒဏ်ရာရသူ အစီရင်ခံမှု မရှိသလို အန္တရာယ်လည်း မရှိတော့ဘူးလို့ အရာရှိတွေက ပြောပါတယ်။
ဒီနှစ် ယူကရိန်းနိုင်ငံမှာ နွေရာသီအတွင်း မိုးခေါင်မှုနဲ့ လေပြင်းတို့ကြောင့် ဒါဇင်နဲ့ချီတဲ့ တောမီးတွေကို မီးသတ်သမားတွေ ငြှိမ်းသတ်ခဲ့ရပါတယ်။
တနှစ်လုံးရဲ့ မိုးရေချိန် ပမာဏက ပျမ်းမျှရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။