လီဗာပူးအသင်း အဆိုးဆုံးအခြေအနေရောက်ဟု နည်းပြဟောင်း ရက်နပ် ဝေဖန်
လက်ရှိ လီဗာပူးအသင်းဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ နည်းပြဟောင်း ဟယ်ရီ ရက်နပ် က သူ့ရဲ့ အသင်းဟောင်းကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
လီဗာပူးဟာ အခု ဘောလုံးရာသီကို ခက်ခဲစွာ စတင်နေရပြီး ၀က်စ်ဟမ်းကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အပေါ် အပြင်းအထန် ဝေဖန်ခံနေရတာပါ။
နည်းပြဟောင်း ရက်နပ်က လီဗာပူးရဲ့ ဟန်ချက်မတည်ငြိမ်မှုကို ထောက်ပြခဲ့သလို မန်နေဂျာ ရော့ဂျားရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုလည်း ဝေဖန်ခဲ့ပြီး လီဗာပူး တသင်းလုံးမှာ စိတ်ဓာတ်ပြင်းပြ ထက်သန်မှုတွေ ပျောက်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ၄ ပွဲကစား ၇ မှတ်နဲ့ ပရီးမီးယားလိဂ် ဇယားရဲ့ နံပါတ် ၇ နေရာမှာ ရှိနေပါတယ်။