မလေးရှားတွင် ခရီးသည်တင်စက်လှေ နစ်မြုပ်၊ ၁၄ ဦး သေဆုံး

Rescuers carry a body recovered from a capsized boat believed to be carrying illegal migrants, at a jetty in Hutan Melintang, near Teluk Intan, Malaysia September 3, 2015. REUTERS/ The New Straits Times Press/S. Ravale
မလေးရှားနိုင်ငံ အနောက်ဘက်ကမ်းလွန်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ခရီးသည်တွေ အဆမတန် တင်ဆောင်လာတဲ့လှေတစင်း နစ်မြုပ်ခဲ့လို့ လောလောဆယ် ခရီးသည် ၁၄ ဦး သေဆုံးသွားပြီလို့ မလေးရှား ရေကြောင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။ စက်လှေမှာ ခရီးသည် အယောက် ၇၀ တင်ဆောင်လာပြီး အများစုဟာ အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောဆိုပါတယ်။ မလေးရှားနိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံသားတွေ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တခြားလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင် နေကြတာပါ။ အင်ဒိုနီးရှားနိုင်ငံကို ပြန်တဲ့အခါမှာ အခုလိုပဲ အန္တရာယ်များတဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး ပြန်နေကြတာပါ။ ပျောက်ဆုံးနေတဲ့ ခရီးသည်တွေကို ရှာဖွေကယ်ဆယ်ရေး လေယာဉ်တွေနဲ့ သင်္ဘောတွေပါ လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။ ကနဦးသတင်းတွေ အရတော့ လှေပေါ်မှာ ခရီးသည် ၁၀၀ လောက်အထိ အဆမတန် တင်ဆောင်လာတာလို့ ဆိုတာပါ။ ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း အခုလို အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့လှေ နစ်မြုပ်ခဲ့လို့ ခရီးသည် ၁၅ ဦး သေဆုံးခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up