A d v e r t i s e m e n t With Us

ရေပေါ်ခင်း သစ်ပြားပေါ်ဖြတ်ပြေးပြီး ရှောင်လင်ဘုန်းကြီး ကမ္ဘာ့စံချိန်သစ်တင် (ရုပ်သံ)

ရှောင်လင်လို့ ပြောလိုက်တာနဲ့ တရုတ်သိုင်းကားတွေထဲမှာ အဆင့်မြင့် ကွန်ဖူးကစားပြနေတဲ့ တရုတ် ဘုန်ကြီးတွေကို ပြေးမြင်မိမှာ အမှန်ပါ။ ဒီရုပ်သံထဲက တရုတ်နိုင်ငံ ကွမ်ဇူး ရှောင်လင်ကျောင်းတော်က ရှောင်လင်ကိုယ်တော် ရှီလန်းလန်ကတော့ ရေလှောင်ကန်ပေါ်က သစ်သားပြားတွေပေါ်မှာ မနားတမ်းပြေးလွှားပြီး  အရင်က သူတင်ထားတဲ့ ကမ္ဘာစံချိန်ကို ရိုက်ချိုးပြလိုက်ပါတယ်။ ဒါဟာ သူနေ့စဉ်လေ့ကျင်နေတဲ့ လေ့ကျင်မှုရဲ့ တစိတ်အပိုင်းထဲက တခုလည်း ဖြစ်ပါတယ်။ ရေပေါ်မှာ ခင်းထားတဲ့ အထပ်သား ၂၀၀ ပြားကို ဖြတ်ပြီး ၁၂၅ မီတာကို မနားတမ်း ရေအောက်မကျပဲ ပြေးပြခဲ့ပါတယ်။ အရင်ကတော့ ရှီဟာ ၁၂၀ မီတာကို ဖြတ်ပြီး ကမ္ဘာပေါ်မှာ စံချိန်တင်ထားတာ ဖြစ်ပါတယ်။ ရုပ်သံ - telegraph

A d v e r t i s e m e n t With Us

More News
Up