ရွှေ့ပြောင်းအလုပ်သမားထံက ငွေညှစ်သည့် ထိုင်းရဲ ရုပ်သံ ပျံ့နှံ့ (ရုပ်သံ)

8.7K
ရထားရဲက ရွှေ့ပြောင်းအလုပ်သမား ၂ ဦးထံကနေ ငွေညှစ်နေတဲ့ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် ထိုင်းလူမှုရေးကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ဗွီဒီယိုထဲမှာ ရွှေ့ပြောင်းလုပ်သားတွေထိုင်နေတဲ့ ခုံတွေကြားက လူသွားလမ်းမှာ ရဲက ရပ်နေပါတယ်။
ဒီနောက် အလုပ်သမားတဦးထံကနေ ဘတ် ၄၀၀၊ နောက်တဦးထံကနေ ဘတ် ၅၀၀ တောင်းတယ်လို့ ရုပ်သံကို ရိုက်ထားတဲ့သူက စွပ်စွဲပါတယ်။ သူ့စွပ်စွဲချက်ကို ရဲရော အလုပ်သမားတွေပါ ငြင်းဆိုခြင်း မရှိပါဘူး။
ဒီဖြစ်ရပ်ကို မှတ်တမ်းတင်နေတဲ့သူက အရာရှိဟာ မှန်မှန်ကန်ကန် လုပ်သင့်တယ်လို့ ဆိုပါတယ်။ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို ဖမ်းဆီးပြီး ငွေမညှစ်သင့်ဘူးလို့ ပြောပါတယ်။
ဒါပေမယ့်လည်း ရဲအရာရှိက ဒီဖြစ်ရပ်ကို ရထားပေါ်ကဆင်းပြီး အောက်မှာ ပြောဆိုမယ့်အကြောင်းနဲ့ သူ့ရဲ့တာဝန်ကို ထမ်းဆောင်နေတာလို့ တုံ့ပြန်ပြောဆိုပါတယ်။
ဒီရုပ်သံဖိုင်ကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက တင်ခဲ့တာ ဖြစ်ပါတယ်။