Home
မြန်မာသတင်း
လက်နက်ကိုင်ပဋိပက္ခ​တွေ အ​ပေါ် စိုး​ရိမ်​ကြောင်း​ ‘၀’အဖွဲ့​က သတင်း​ထုတ်ပြန်
DVB
·
June 19, 2011
ငြိမ်း​ချမ်း​ရေး​အတွက် ​ဆွေး​နွေး​ဖြေရှင်း​ကြဖို့​လည်း​ ဝပြည်​သွေး​စည်း​ညီညွတ်​ရေး​ ပါတီက ဇွန် ၁၆ ရက်စွဲပါ ​ကြေညာချက်မှာ တိုက်တွန်း​ထား​ပါတယ်။ အစိုး​ရတပ်နဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ)၊​ ရှမ်း​ပြည်တပ်မ​တော် (အက်စ်အက်စ်​အေ)၊​ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို)တို့​အကြား​ တိုက်ပွဲ​တွေဖြစ်​နေတဲ့​အတွက် ပြည်သူလူထု အ​မြောက်အမြား​ ထိခိုက်​သေကြေဒဏ်ရာရမှု အ​ပေါ် စိုးရိမ်ပူပန်တယ်လို့​ ​ဖော်ပြထား​ပါတယ်။ တိုက်ပွဲ​တွေ ဖြစ်​နေတာဟာ နယ်စပ်​ဒေသလုပ်ငန်း​တွေနဲ့​ ပတ်သက်လို့​ သမ္မတ ဦး​သိန်း​စိန် ​ပြောကြား​ထား​တာ​တွေနဲ့​ ဆန့်​ကျင်​နေပါတယ်လို့​လည်း​ ဆိုပါတယ်။ ပြည်တွင်း​ရေး​အ​ခြေအ​နေနဲ့​ ပတ်သက်လို့​ ဝတပ်ဖွဲ့​က ခုလို ​ကြေညာချက် ထုတ်ပြန်တာမျိုး​ အရင်က သိပ်မရှိခဲ့​ပါဘူး​။ လတ်တ​လောမှာ မြန်မာအစိုး​ရတပ်​တွေနဲ့​ ​ကေအိုင်​အေတိုက်ပွဲ​တွေ ဆက်တိုက်ဖြစ်​နေချိန်မှာ ‘ဝ’တပ်ဖွဲ့​က ခုလို ​ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024