ဇီဝရုပ်ဖြစ်ပျက်မှုမှန်သမျှ ဖမ်းယူပေးနိုင်မည့် ရှပ်အင်္ကျီ (ရုပ်သံ)

4.3K
ရာ့ဖ်လော်ရင်ကုမ္ပဏီရဲ့ကိုယ်ပိုင်လက္ခဏာကတော့ ပိုလိုရှပ်အင်္ကျီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ဒီဇိုင်နာကတော့ ပိုလို Techsmartshirt ကို အမျိုးသားတွေရဲ့ ပင်တိုင်ဖက်ရှင်ဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။
"ဒါက တကမ္ဘာလုံးက အာကစားရုံတွေမှာ လူကြိုက်များနေတဲ့ ကုိယ္က်ပ္ရွပ္အက်ႌပါ။ ဒီအက်ႌကုိ ငွေမျှင်တွေနဲ့ ရက်လုပ်တာပါ။ မှော်နန်းမျှင်လို့ခေါ်တဲ့ ချည်နဲ့တွဲရက်ထားတာမို့ ရင်ခေါင်းရဲ့ အသက်ရှူနှုန်းတွေ၊ နှလုံးခုန်နှုန်းတွေ အပါအ၀င် ကျန်းမာရေးစံနှုန်းတွေကို နားလည်နိုင်မယ့် ဇီဝရုပ်ဖြစ်ပျက်မှု မှန်သမျှကို ဖမ်းယူပေးနိုင်ပါတယ်။"
သူကတော့ ဒေးဗစ်လော်ရင်ပါ။ ကုမ္ပဏီရဲ့ ကြော်ငြာနဲ့ ဈေးကွက်ဖြန့်ချိရေးခေါင်းဆောင် ဖြစ်သလို ဒီဇိုင်နာပညာရှင်ရဲ့သားလည်း ဖြစ်ပါတယ်။ ခေတ်ရှေ့ပြေး ဒီဖက်ရှင်ဒီဇိုင်းမှာ အငယ်စား black box ကို သုံးထားတာမို့ သတင်းအချက်အလက်တွေကို ကောက်ယူစုစည်းနိုင်ပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်း ၅ ခုပါပြီး 3D အရှိန်နှုန်းတိုင်း ကိရိယာ ထည့်သွင်းထားတာမို့ ကမ္ဘာ့ဆွဲအားပေါ်မှာ အခြေခံတဲ့ လှုပ်ရှားမှု အပြင်းအပျော့ကို ဖမ်းယူနိုင်ပါတယ်။
ရှပ်အင်္ကျီရဲ့အစနဲ့ ချည်မျှင်တွေကနေ အိုင်ဖုန်းဆီကို သတင်းအချက်အလက်တွေ တိုက်ရိုက်ပေးပို့မှာ ဖြစ်ပါတယ်။ ဒီဖက်ရှင်ကုမ္ပဏီက ဇီဝရုပ်တိုင်းတာမှု နည်းပညာကုမ္ပဏီ OMSignal နဲ့ တွဲဖက်ထုတ်လုပ်ခဲ့တာပါ။ ဒီရှပ်အင်္ကျီကို သူ့ဝတ်စုံအောက်မှာ ထပ်ဝတ်ထားတဲ့ စတက်ဖနီမာကောဟာ OMSignal ရဲ့ တွဲဖက်တည်ထောင်သူဖြစ်ပြီး ခုလို ဇီဝရုပ်တိုင်းတာမှု နည်းပညာဟာ ကိုယ့်လက်တကမ်းမှာ ရှိနေတာမို့ ကိုယ့်ရဲ့ လေ့ကျင့်ခန်းလုပ်ပုံတွေကို ပြောင်းလဲနိုင်တဲ့အပြင် ဘက်စုံကျန်းမာရေးအပေါ်ပါ သက်ရောက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။
"ကျနော့်ရှပ်အင်္ကျီက အီးစီဂျီနဲ့ တခြား နှလုံး၊ အဆုတ်၊ အသည်း၊ ဦးနှောက် အလုပ်လုပ်ပုံတွေ အပါအ၀င် နှလုံးရဲ့ ပင်ကိုယ်လျှပ်စစ်လှိုင်းတွေကိုပါ ခြေရာခံနိုင်တယ်။ ဘာမှ တွဲဖက်တပ်ဆင်ဖို့ မလိုဘူး။ ဒီအင်္ကျီကိုက ဆင်ဆာတခုပဲလေ။"
ဒီအဖွဲ့က ဇီဝရုပ်အတိုင်းအတာတွေကိုသုံးပြီး အချိန်နဲ့တပြေးညီ သုံးစွဲသူ တဦးချင်းအလိုက် သူတို့သိလိုသမျှ အချက်အလက်တွေကို ပို့ပေးနိုင်မယ့် အက်ပလီကေးရှင်းကို ထုတ်လုပ်ပြီး ဒီစမတ်ရှပ်အင်္ကျီကို လူကြိုက်များအောင် ဆောင်ရွက်ထားပါတယ်။ နာမည်ကျော် ထရိန်နာ ခရစ်ရိုင်ရန်က ဒီလေ့ကျင့်ခန်းတွေကို ဆန်းသစ်အောင် ကူညီပေးနေသူပါ။
"ဒီအင်္ကျီရဲ့ ထူးခြားချက်တခုကတော့ ခင်ဗျား နောက်တခါလုပ်မယ့် လေ့ကျင့်ခန်းကို ခင်ဗျားရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု အတိုင်းအတာတွေပေါ်မှာ အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိလေ့ကျင့်ခန်းတွေ အပါအ၀င် နောက်ထပ်လေ့ကျင့်ခန်း ၁ သောင်းလောက်ကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။"
ဒီရှပ်အင်္ကျီကို အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ရောင်းချသွားမှာဖြစ်ပြီး အွန်လိုင်းရောင်းဈေးကတော့ ၂၅၉ ဒေါ်လာ ရှိပါတယ်။ ဒီဇိုင်းပုံစံအမှန်ရဖို့ ၂ နှစ် အချိန်ယူခဲ့ရပေမယ့် လော်ရင်ကတော့ ဒါဟာ ရာ့ဖ်လော်ရင်ကုမ္ပဏီရဲ့ ပေါင်းစပ်ဖက်ရှင်နိဒါန်းပဲလို့ ဆိုပါတယ်။
"အဆုံးအစွန်ထိပြောရရင် ကျနော်တို့က ဒီနည်းပညာကို အ၀တ်အစားအားလုံးမှာ အသုံးချသွားမှာ ဖြစ်သလို ရာ့ဖ်လော်ရင်ရဲ့ ပိုလိုရှပ်အင်္ကျီ ဒါမှမဟုတ် ဂျက်ကက်အင်္ကျီ ဒါမှမဟုတ် တခြားဝတ်စုံတွေထိ တိုးချဲ့ဖန်တီးသွားမှာပါ။"
ခုဆိုရင် ဒီအင်္ကျီဟာ ဘ၀နေဟန်နဲ့ပတ်သက်တဲ့ တကယ့် တော်လှန်ရေးတခုပါ။ ကိုယ့်ရဲ့ဖက်ရှင်က ကိုယ့်ဘ၀နေဟန်အပေါ် တနည်းနည်းနဲ့ အကျိုးပြုနေတာမျိုးပေါ့။