A d v e r t i s e m e n t With Us

လက်နက်ကိုင်ပဋိပက္ခ​တွေ အ​ပေါ် စိုး​ရိမ်​ကြောင်း​ ‘၀’အဖွဲ့​က သတင်း​ထုတ်ပြန်

ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)
ငြိမ်း​ချမ်း​ရေး​အတွက် ​ဆွေး​နွေး​ဖြေရှင်း​ကြဖို့​လည်း​ ဝပြည်​သွေး​စည်း​ညီညွတ်​ရေး​ ပါတီက ဇွန် ၁၆ ရက်စွဲပါ ​ကြေညာချက်မှာ တိုက်တွန်း​ထား​ပါတယ်။ အစိုး​ရတပ်နဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ)၊​ ရှမ်း​ပြည်တပ်မ​တော် (အက်စ်အက်စ်​အေ)၊​ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို)တို့​အကြား​ တိုက်ပွဲ​တွေဖြစ်​နေတဲ့​အတွက် ပြည်သူလူထု အ​မြောက်အမြား​ ထိခိုက်​သေကြေဒဏ်ရာရမှု အ​ပေါ် စိုးရိမ်ပူပန်တယ်လို့​ ​ဖော်ပြထား​ပါတယ်။ တိုက်ပွဲ​တွေ ဖြစ်​နေတာဟာ နယ်စပ်​ဒေသလုပ်ငန်း​တွေနဲ့​ ပတ်သက်လို့​ သမ္မတ ဦး​သိန်း​စိန် ​ပြောကြား​ထား​တာ​တွေနဲ့​ ဆန့်​ကျင်​နေပါတယ်လို့​လည်း​ ဆိုပါတယ်။ ပြည်တွင်း​ရေး​အ​ခြေအ​နေနဲ့​ ပတ်သက်လို့​ ဝတပ်ဖွဲ့​က ခုလို ​ကြေညာချက် ထုတ်ပြန်တာမျိုး​ အရင်က သိပ်မရှိခဲ့​ပါဘူး​။ လတ်တ​လောမှာ မြန်မာအစိုး​ရတပ်​တွေနဲ့​ ​ကေအိုင်​အေတိုက်ပွဲ​တွေ ဆက်တိုက်ဖြစ်​နေချိန်မှာ ‘ဝ’တပ်ဖွဲ့​က ခုလို ​ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

A d v e r t i s e m e n t With Us

More News
Up