ပါရီမြို့လယ်ရှိ တိုက်ခန်းတွဲ မီးလောင် (ရုပ်သံ)
ပြင်သစ်နိုင်ငံ ပါရီမြို့လယ်က တိုက်ခန်းတွဲ အဆောက်အဦမှာ စက်တင်ဘာ ၂ ရက်နေ့က မီးလောင်မှုကြောင့် ကလေး ၂ ဦးအပါအဝင် လူ ၈ ဦး သေဆုံးခဲ့တယ်လို့ အရာရှိ သတင်းရင်းမြစ်က ဆိုပါတယ်။
ဒေသ စံတော်ချိန် မနက် ၄ နာရီလောက်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူ ၄ ဦးလည်း ဒဏ်ရာရခဲ့သလို မီးလောင်ရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
မီးက မြေညီထပ်မှာ စလောင်ခဲ့တာ ဖြစ်ပြီး အဆောက်အဦရဲ့ လှေကားဆီကို ပျံ့နှံ့ ကူးစက်ခဲ့တာပါ။
ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ မီးသတ်သမားတွေ ညတွင်းချင်းမှာ ၂ ကြိမ် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ပြောပြီး မီးလောင်မှုနဲ့ ပတ်သက်ပြီး လူတဦးကို ဖမ်းဆီးထားတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။