ဆိုယုစ် ၄၄ အာကာသယာဉ်ဖြင့် အာကာသယာဉ်မှူး ၃ ဦးကို လွှတ်တင် (ရုပ်သံ)

6.7K
နိုင်ငံတကာ အာကာသစခန်းကို သွားရောက်ကြမယ့် အာကာသယာဉ်မှူး ၃ ဦးကို ဆိုယုစ် ၄၄ အာကာသယာဉ်နဲ့ ကာဇက်စတန်နိုင်ငံတောင်ပိုင်းက ဂြိုဟ်တုလွှတ်တင်ရေး စခန်းတခုကနေ စက်တင်ဘာ ၃ ရက်နေ့က လွှတ်တင်လိုက်ပါတယ်။
ကာဇက်စတန် အာကာသယာဉ်မှူးတဦး၊ ရုရှားအာကာသယာဉ်မှူးတဦးနဲ့ ဒိန်းမတ်အာကာသယာဉ်မှူး တဦးတို့ လိုက်ပါသွားကြပြီး စက်တင်ဘာ ၄ ရက်နေ့မှာ နိုင်ငံတကာ အာကာသစခန်းနဲ့ ချိတ်ဆက်မိမှာပါ။
အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ရုရှားအာကာသယာဉ်မှူးကတော့ နိုင်ငံတကာ အာကာသစခန်းမှာ ၆ လကြာ နေထိုင်ပြီး အဲဒီမှာ ရောက်နှင့်နေတဲ့ အမေရိကန် အာကာသယာဉ်မှူး စကော့ကယ်လီ (Scott Kelly) နဲ့ ရုရှားအာကာသယာဉ်မှူး ကော်နီယမ်ကို (Kornienko) တို့နဲ့အတူ ၂၀၁၆ မတ်လထဲမှာ ကမ္ဘာမြေကို ပြန်လာမှာပါ။
အခု သူနဲ့အတူ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူး ၂ ဦးကတော့ နိုင်ငံတကာ အာကာသစခန်းမှာ ၈ ရက်ကြာပဲ နေပြီး စက်တင်ဘာ ၁၁ ရက်နေ့မှာ ဆိုယုစ်အာကာသယာဉ်နဲ့ပဲ ကမ္ဘာကို ပြန်လာကြမှာပါ။
လက်ရှိ နိုင်ငံတကာ အာကာသစခန်း ရောက်ရှိနေကြတဲ့ အမေရိကန်နဲ့ ရုရှား အာကာသယာဉ်မှူး ၂ ဦးတို့ကတော့ ၁ နှစ်ကြာ အစီအစဉ်နဲ့ ရောက်ရှိနေကြတာပါ။
လူသားတွေ အင်္ဂါဂြိုဟ်ကို စေလွှတ်မယ့် ခရီးစဉ် အကောင်အထည်ဖော်ဖြစ်လာရင် ရင်ဆိုင်လာရနိုင်တဲ့ လူသားတွေရဲ့ ဇီဝကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို နိုင်ငံတကာ အာကာသစခန်းမှာ စုဆောင်းနေကြတာပါ။