A d v e r t i s e m e n t With Us

ဂျက်ဖာဆန်ဆုရ မြန်မာ ရွှေ့ပြောင်းနေထိုင်သူများကို ကူညီသူ ကရင်အမျိုးသမီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ကရင်ရွှေ့ပြောင်း နေထိုင်သူတွေကို ဂျက်ဖာဆန်ဆုရ ဒေါက်တာ ကွီးသေလာစေးက ကူညီပေးနေပါတယ်။ သူ့ရဲ့ ကရင်အသိုင်းအ၀ိုင်းအတွက် ကူညီလုပ်ဆောင်နေတာတွေကို စီဘီအက်စ် သတင်းဌာနက ရုပ်သံ သတင်းမှတ်တမ်းတခု ထုတ်လွှင့်ခဲ့ပါတယ်။ ကားဘယ်လိုမောင်းရမလဲ၊ ဘတ်စ်ကား ဘယ်လိုစီးရမယ်၊ ဆရာဝန်ကို ပိုက်ဆံဘယ်လိုပေးရမလဲ၊ အရေးပေါ်နံပါတ် ၉၁၁ ကို ဖုန်းဆက်ဖို့ ဘာသာစကား မတတ်တဲ့အတွက်၊ မသိတဲ့ အမျိုးသမီးတွေအတွက် စိန်ခေါ်မှုတွေကို ကွီးသေလာစေးက ဘယ်လို ကူညီနေသလဲဆိုတာ ပြောပြမှာပါဆိုပြီး သတင်းကို စတင်ထားပါတယ်။ ကွီးသေလာစေးရဲ့ အကူအညီ မရှိရင်တော့ လမ်းပျောက်နေမှာ ဖြစ်တယ်လို့ မြန်မာကလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေက ပြောတယ်လို့ ဆိုပါတယ်။ ကရင်ဘုရားကျောင်းတခုမှာ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် ကွီးစေးဟာ ကရင်ဘာသာနဲ့ စကား သင်ကြားပေးတဲ့ သင်တန်းတခုကို စတင်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ဒါ့အပြင် ကရင်အသိုင်းအ၀န်းက လူတွေ ဆေးရုံ ဆေးခန်းနဲ့ ပတ်သက်လာရင်လည်း ကွီးစေးက အကူအညီပေးတဲ့အတွက် သူဟာ ကရင်အသိုင်းအ၀ိုင်းရဲ့ ၉၁၁ နဲ့ ဘာသာပြန်တဦး ဖြစ်တယ်လို့ သတင်းက ပြောပြပါတယ်။ ဘာသာပြန်မရှိတဲ့သူတွေ ဘယ်လိုခံစားရသလဲဆိုတာကို စာနာ နားလည်မိတယ်လို့ ကွီးစေးက ပြောပါတယ်။ သူ့ရဲ့ဖုန်းကို ဆက်လာရင်တော့ သူက ဆေးကုသမှုနဲ့ ပတ်သက်တာတွေ၊ ဘာသာပြန်ဖို့တွေကို ၂၄ နာရီ အကူအညီပေးဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ တခုခု အရေးပေါ်ဖြစ်ရင်တော့ ကရင်အသိုင်းအ၀ိုင်းက ညဥ့်နက်သန်းခေါင် ဖြစ်ပါစေ ကွီးစေးကို ခေါ်တယ်လို့ ဆိုပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေက သူတို့ကလေးရဲ့နာမည်ကို သိချင်မှ သိပေမယ့် သူတို့က ကွီးကိုတော့ သိသလို ကွီးလုပ်နေတဲ့ ဆေးခန်းကို ကွီးဆေးခန်းလို့ အမည်ပေးထားတယ်ဆိုပြီး သတင်းကို အဆုံးသတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up