A d v e r t i s e m e n t With Us

သေနတ်ဖြင့် ဆယ်လ်ဖီ ရိုက်ရန် ပြင်နေစဉ် မတော်တဆ ကျည်ဆန်ထွက် သေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ဆယ်ကျော်သက် လူငယ်တဦးဟာ သေနတ်တလက်နဲ့အတူ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်ဖို့ ဟန်ပြနေတုန်း သေနတ်က မတော်တဆ ကျည်ထွက်သွားလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။ အသက် ၁၉ နှစ်အရွယ် ဒေလေအွန် အလွန်စို စမစ်သ်ဟာ သူ့အခန်းထဲမှာ တယောက်တည်း ရှိနေတုန်း ခုလို ဖြစ်ခဲ့တာလို့ သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲက ရဲကို ပြောပါတယ်။ စမစ်သ်ဟာ သေနတ်ကို အဲဒီနေ့အစောပိုင်းက တွေ့ခဲ့တာလို့ အစီရင်ခံပါတယ်။ ရဲတွေက မတော်တဆမှုကို စုံစမ်း စစ်ဆေးနေဆဲပါ။ စမစ်သ်ရဲ့ အိမ်အပြင်မှာတော့ ဆွေမျိုးတွေ တယောက်ကိုတယောက် နှစ်သိမ့်နေတာ တွေ့ရပါတယ်။ စမစ်သ်ရဲ့ဦးလေးကတော့ ဒါဟာ ကျနော့်ဘဝမှာ အဆိုးဆုံးအရာပဲလို့ ပြောပါတယ်။ တခြားသူတွေကတော့ မယုံနိုင်လောက်အောင် ဖြစ်ခဲ့တာပါ။ စမစ်သ်ရဲ့ အဘွားကတော့ အင်မတန် ထုံကျင်နေတဲ့ ခံစားချက်ပဲ၊ ခုထိ မယုံနိုင်ဘူးလို့ ပြောပါတယ်။ စမစ်သ်ဟာ စက်တင်ဘာ ၂ ရက်နေ့မှာမှ ကောလိပ်ကျောင်းသားဘဝကို စတင်မယ့်သူ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up