Home
သတင်းဓာတ်ပုံ
မြောက်ဦးတွင် ရေထပ်ကြီး၊ ကျေးရွာများ ဘေးလွတ်ရာရွှေ့ပြောင်း
DVB
·
September 3, 2015
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီကစပြီး လေးမြို့ ချောင်းရေပြန်တက်လာတာကြောင့် ရွာတွေ ရေလွတ်ရာကို ထပ်မံပြောင်းရွှေ့နေရပါတယ်။ မြောက်ဦးမြို့နယ်ထဲရှိ သင်ပန်းကိုင်း၊ ကုလားချောင်း၊ ပဒိုင်း၊ ငစွေကန်၊ ပလှ၊ သာစည်၊ ၀က်လှ၊ ရွာသစ်တော စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ရေလွတ်ရာ မြောက်ဦး၊ မင်းပြားနဲ့ လေးမြို့ချောင်း တောင်ပေါ်တွေကို ရွှေ့ပြောင်းနေကြပါတယ်။ လက်ရှိအချိန်မှာ လေးမြို့ချောင်းအနီးက ရွာတွေမှာ ရေ ၃ ပေလောက် တက်နေတာကြောင့် ပြီးခဲ့တဲ့လကလို ရေပြန်နစ်မြုပ်သွားမှာကို စိုးရိမ်နေကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024