A d v e r t i s e m e n t With Us

အာဆင်နယ် ချန်ပီယံဆု ရနိုင်ဖို့ လုံလောက်မှုမရှိသေးဟု အွန်နရီပြော

အာဆင်နယ် အသင်းရဲ့ လက်ရှိကစားသမားတွေနဲ့  ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရနိုင်ဖို့ လုံလောက်မှု မရှိသေးဘူးလို့ အာဆင်နယ်ရဲ့  ဂန္ထ၀င်ကစားသမား ပြင်သစ်လက်ရွေးစင် သီယာရီ အွန်နရီက ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးနောက်မှာ ၅ မှတ်ပြတ်နေပြီး အိမ်ကွင်းမှာ နိုင်ပွဲမရသေးသလို အနိုင်ရခဲ့တဲ့ ၂ ပွဲကလည်း ပြိုင်ဘက်ကစားသမားတွေ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီလောက် စွမ်းဆောင်မှုမျိုးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်သွားဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူးလို့ ပြောဆိုခဲ့တာပါ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအနေနဲ့ အခုနှစ် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အတွင်း ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားမှုတွေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ချယ်ဆီးဂိုးသမား ပီတာချက် တဦးတည်းကိုသာ ခေါ်ယူမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ အခု ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ရာသီမှာ ပေါင်သန်း ၈၇၀ လောက်  သုံးစွဲခဲ့ကြပေမယ့် အာဆင်နယ်အသင်းက ၁၀ သန်းတည်းသာ အသုံးပြုခဲ့ပြီး ပြောင်းရွှေ့ကြေး အနည်းဆုံး အသုံးပြုတဲ့  အသင်းအဖြစ် ရပ်တည်သွားခဲ့ပါတယ်။ လက်ရှိ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ လိဂ်ပြင်ပကစားသမား တဦးတယောက်မှ ခေါ်ယူခဲ့ခြင်း မရှိတဲ့ တသင်းတည်းသော အသင်းအဖြစ်လည်း အာဆင်နယ်အသင်းဟာ မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၄ ပွဲ ကစား ၇ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up