A d v e r t i s e m e n t With Us

ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား (ရုပ်သံ)

တရုတ်နိုင်ငံ မြို့တော် ပီကင်းမှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ဒီနေ့ အကြီးအကျယ် ကျင်းပနေပါတယ်။ စစ်သည်အင်အား ၁၂၀၀၀ ပါပြီး တရုတ်ရဲ့ နောက်ဆုံးပေါ်လက်နက်တွေနဲ့ စစ်ကားတွေဟာ ချန်အန်းရိပ်သာလမ်းမှာ ချီတက်ခဲ့ကြပါတယ်။ စစ်ရေးပြပွဲဟာ ပီကင်းမြို့တော်အစိတ်အပိုင်း အများအပြားကို ရပ်သွားစေမှာ ဖြစ်ပြီး လမ်းတွေနဲ့ မြေအောက်ရထားဘူတာ အတော်များများကို စက်တင်ဘာ ၂ ရက်နေ့ ညနေက စပြီး ပိတ်ထားမှာ ဖြစ်သလို ရာနဲ့ချီတဲ့ ဘတ်စ်ကားလိုင်းတွေကိုလဲ ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ စစ်ရေးပြ အခမ်းအနားနဲ့ နီးတဲ့ ဆေးရုံတွေကိုလည်း စက်တင်ဘာ ၂ ရက်နေ့ နေလည်ကနေ ၃ ရက်နေ့ နေလည်အထိ ပိတ်ထားဖို့ ပြောထားပါတယ်။ ဒါပေမယ့် မတော်တဆနဲ့ အရေးပေါ် လူနာဆောင်တွေကိုတော့ ဆက်ဖွင့်ထားမှာပါ။ ပန်းခြံတွေမှာ လုံခြုံရေး စစ်ဆေးမှာ ဖြစ်ပြီး ခရီးသွား ဧည့်သည်တွေ လည်ပတ်ရာနေရာတွေ အတော်များများကိုတော့ ပိတ်ထားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up