Home
မြန်မာသတင်း
နိုင်ငံ​ရေး​သမား​တွေ ရိုး​ရိုး​ကျင့်​မြင့်​မြင့်​ကြံဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည် တိုက်တွန်း
DVB
·
June 19, 2011
ဒီမိုက​ရေစီကို တကယ် လိုလား​တဲ့​သူ​တွေ၊​ နိုင်ငံ​ရေး​သမား​တွေအ​နေနဲ့​ ရိုး​ရိုး​ကျင့်​မြင့်​မြင့်​ကြံဖို့​ မြန်မာဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က သူရဲ့​ ၆၆ နှစ်ပြည့်​မွေး​နေ့​မှာ တိုက်တွန်း​လိုက်ပါတယ်။ [caption id="attachment_11048" align="alignleft" width="310" caption="ဒေါ်အောင်ဆန်းစုကြည်က ဒီဗွီဘီတီဗွီကို မွေးနေ့စကား ပြောကြားနေစဉ် "][/caption] ဒီဗွီဘီတီဗွီကို ​မွေး​နေ့​စကား​ပြောကြား​စဉ် နိုင်ငံ​ရေး​လုပ်တဲ့​ ​နေရာမှာ ထင်ပေါ်ချင်တဲ့​စိတ်၊​ ကိုယ့်​အတွက် ကိုယ်လုပ်တဲ့​စိတ်​တွေ ထား​နေရင် အနှောင့်အယှက်​တွေ ဖြစ်နိုင်တာကိုလည်း​ သတိ​ပေး​သွား​ပါတယ်။ ဒါ​ပေမယ့်​ နာမည်မထွက်ဘဲ၊​ လူချီး​မွမ်းတာ မခံရဘဲနဲ့​ ကိုယ့်ယုံကြည်ချက်ကို တစိုက်မတ်မတ် လုပ်တဲ့​လူဟာ အမြင့်​မြတ်ဆုံး​လို့​ သူ့အမြင်ကို ​ပြောရင်း​ ဒီမိုကရေစီ လိုလား​သူ​တွေအား​လုံး​ ညီညွတ်ကြဖို့​ တိုက်တွန်း​သွား​ပါတယ်။ နိုင်ငံ​ရေး​အ​ပေါ် သုံး​သပ်ကြတဲ့​နေရာမှာ အမြင်အမျိုး​မျိုး​ ရှိနိုင်​ပေမယ့်​ အဓိက အ​ရေး​ကြီး​တာက​တော့​ ကိုယ်တတ်နိုင်သမျှ ကြိုး​စား​ပြီး​ အမှား​တွေ၊​ ​အောင်မြင်မှု​တွေ အ​ပေါ်မှာ သင်ခန်း​စာယူဖို့​၊​ ကိုယ့်​ရဲ့​တာဝန်​တွေ ​ကျေကြဖို့​ကိုလည်း​ တိုက်တွန်း​သွား​ပါတယ်။ သူအ​နေနဲ့​လည်း​ နိုင်ငံ​ရေး​ စလုပ်ကတည်း​က ပြည်သူကို ကတိ​ပေး​ထား​တဲ့​အတိုင်း​ အတတ်နိုင်ဆုံး​၊​ အ​ကောင်း​ဆုံး​ လုပ်သွား​မယ် ဆိုတဲ့​ သန္နိဋ္ဌာန်ကိုလည်း​ ​ပြောကြား​သွား​ပါတယ်။ အရင်​မွေး​နေ့​တွေ၊​ ဒီနှစ်​မွေး​နေ့​တွေမှာ ဆု​တောင်း​ပေး​တဲ့​ လူ​တွေကို ​ကျေး​ဇူး​တင်တဲ့​အ​ကြောင်း​နဲ့​၊​ ဒီဆု​တောင်း​တွေဟာ သူ့​အတွက် အ​ထောက်အကူ ​ပေး​တယ်လို့​လည်း​ ​ပြောသွား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024