A d v e r t i s e m e n t With Us

ဒေးဗစ်ဘက်ခမ်း ဂန္ထ၀င်ဘောလုံးသမားဆု ချီးမြှင့်ခံရ

ဆုပေးပွဲတွင်တွေ့ရသည့် ရိုင်ယန်ဂစ်(၀ဲ) နှင့် ဒေးဗစ်ဘက်ခိမ်း။ (ဓာတ်ပုံ - manchestereveningnews)
ကမ္ဘာကျော် ဘောလုံးသမား အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ခမ်း ဟာ   ဂန္ထ၀င် ဘောလုံးသမားဆု ချီးမြှင့်ခံခဲ့ရပါတယ်။ မြို့တော် လန်ဒန်မှာ ကျင်းပခဲ့တဲ့ အိပ်စ် ထရာဗား ဂန်းဇာ (HMV Football Extravaganza) အဖွဲ့ရဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်ပွဲမှာ သူ့ကို အဲဒီဆုချီးမြှင့်ခဲ့ပါတယ်။ ဆုကိုတော့ သူ့ရဲ့ ကစားဖော်လည်းဖြစ် အရင်နှစ်က ဆုရှင်လည်း ဖြစ်တဲ့ မန်ယူလက်ထောက်နည်းပြ ဝေးလ်လက်ရွေးစင်ဟောင်း ရိုင်ယန်ဂစ်က ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဘက်ခမ်းဟာ လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း မန်ယူ၊ ရီးရဲလ်၊ အယ်လ်အေဂလက်ဇီ၊ မီလန်နဲ့ ပီအက်စ်ဂျီ အသင်းတွေမှာ ကစားခဲ့ပြီး ဆုဖလားပေါင်း ၁၇ ခု ရရှိခဲ့သူ ဖြစ်ပါတယ်။ အခု သူရရှိတဲ့ဆုကို အရင်က  ဆာဘော်ဘီရော့ဆင်၊  ဆာဘော်ဘီချာလ်တန်၊ ဖာဂူဆန်၊ အလန်ရှီးယား၊ တက်ဒီ ရှရင်ဂန်၊ ကန်တိုနာ၊ မော်ရင်ဟို၊ ပီလီနဲ့ ရိုင်ယန်ဂစ် စတဲ့ ကစားသမားတွေနဲ့ နည်းပြတွေက ရရှိခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up