A d v e r t i s e m e n t With Us

ပြည်ပရောက် မဲဆန္ဒရှင် ၁၈၀၀၀ ကြိုတင်မဲပေးခွင့်ရမည်

ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့  မဲဆန္ဒရှင် ၂ သန်းလောက်ထဲက ကြိုတင်မဲပေးဖို့ သတ်မှတ်ရက် မကုန်ခင် လျှောက်ထားသူ ၁၈၀၀၀ ပဲရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပရေး ပူးပေါင်းဆောင်ရွက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပြောကြားခဲ့တာပါ။ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာ ၁၈၀၀၀ သာ ကြိုတင်မဲပေးနိုင်မှာဖြစ်ပြီး ကျန်သူတွေဆီကတော့ ပူးပေါင်းဆောင်ရွက်မှု မရတဲ့အတွက် သူတို့အတွက် ဘာမှ လုပ်မပေးနိုင်တော့ဘူးလို့လည်း ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up