A d v e r t i s e m e n t With Us

နိုင်ငံ​ရေး​သမား​တွေ ရိုး​ရိုး​ကျင့်​မြင့်​မြင့်​ကြံဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည် တိုက်တွန်း

ေဒါ်ေအာင်ဆန်းစုြကည်က ဒီဗွီဘီတီဗွီကို မှေးနေ့စကားွေပွာကားနေစဉျ
ဒီမိုက​ရေစီကို တကယ် လိုလား​တဲ့​သူ​တွေ၊​ နိုင်ငံ​ရေး​သမား​တွေအ​နေနဲ့​ ရိုး​ရိုး​ကျင့်​မြင့်​မြင့်​ကြံဖို့​ မြန်မာဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က သူရဲ့​ ၆၆ နှစ်ပြည့်​မွေး​နေ့​မှာ တိုက်တွန်း​လိုက်ပါတယ်။ [caption id="attachment_11048" align="alignleft" width="310" caption="ဒေါ်အောင်ဆန်းစုကြည်က ဒီဗွီဘီတီဗွီကို မွေးနေ့စကား ပြောကြားနေစဉ် "][/caption] ဒီဗွီဘီတီဗွီကို ​မွေး​နေ့​စကား​ပြောကြား​စဉ် နိုင်ငံ​ရေး​လုပ်တဲ့​ ​နေရာမှာ ထင်ပေါ်ချင်တဲ့​စိတ်၊​ ကိုယ့်​အတွက် ကိုယ်လုပ်တဲ့​စိတ်​တွေ ထား​နေရင် အနှောင့်အယှက်​တွေ ဖြစ်နိုင်တာကိုလည်း​ သတိ​ပေး​သွား​ပါတယ်။ ဒါ​ပေမယ့်​ နာမည်မထွက်ဘဲ၊​ လူချီး​မွမ်းတာ မခံရဘဲနဲ့​ ကိုယ့်ယုံကြည်ချက်ကို တစိုက်မတ်မတ် လုပ်တဲ့​လူဟာ အမြင့်​မြတ်ဆုံး​လို့​ သူ့အမြင်ကို ​ပြောရင်း​ ဒီမိုကရေစီ လိုလား​သူ​တွေအား​လုံး​ ညီညွတ်ကြဖို့​ တိုက်တွန်း​သွား​ပါတယ်။ နိုင်ငံ​ရေး​အ​ပေါ် သုံး​သပ်ကြတဲ့​နေရာမှာ အမြင်အမျိုး​မျိုး​ ရှိနိုင်​ပေမယ့်​ အဓိက အ​ရေး​ကြီး​တာက​တော့​ ကိုယ်တတ်နိုင်သမျှ ကြိုး​စား​ပြီး​ အမှား​တွေ၊​ ​အောင်မြင်မှု​တွေ အ​ပေါ်မှာ သင်ခန်း​စာယူဖို့​၊​ ကိုယ့်​ရဲ့​တာဝန်​တွေ ​ကျေကြဖို့​ကိုလည်း​ တိုက်တွန်း​သွား​ပါတယ်။ သူအ​နေနဲ့​လည်း​ နိုင်ငံ​ရေး​ စလုပ်ကတည်း​က ပြည်သူကို ကတိ​ပေး​ထား​တဲ့​အတိုင်း​ အတတ်နိုင်ဆုံး​၊​ အ​ကောင်း​ဆုံး​ လုပ်သွား​မယ် ဆိုတဲ့​ သန္နိဋ္ဌာန်ကိုလည်း​ ​ပြောကြား​သွား​ပါတယ်။ အရင်​မွေး​နေ့​တွေ၊​ ဒီနှစ်​မွေး​နေ့​တွေမှာ ဆု​တောင်း​ပေး​တဲ့​ လူ​တွေကို ​ကျေး​ဇူး​တင်တဲ့​အ​ကြောင်း​နဲ့​၊​ ဒီဆု​တောင်း​တွေဟာ သူ့​အတွက် အ​ထောက်အကူ ​ပေး​တယ်လို့​လည်း​ ​ပြောသွား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up