A d v e r t i s e m e n t With Us

ရှားပါး ဝေလငါးအပြာ ကို တွေ့ပြီး တိုက်ရိုက် ထုတ်လွှင့်ခွင့်ရ (ရုပ်သံ)

မျိုးတုံးလုနီးနီးဖြစ်နေတဲ့ ကမ္ဘာ့အကြီးဆုံး နို့တိုက်သတ္တ၀ါ ဝေလငါးအပြာကို တွေ့ရဖို့ကတော့ တကယ့်ကို မလွယ်ပါဘူး။ ဒါပေမယ့် ကယ်လီဖိုးနီးယားပြည်နယ် မောင်တရီ ပင်လယ်ကွေ့မှာ ဘီဘီစီ သတင်းထောက်က ဝေလငါး ကျွမ်းကျင်တဲ့သူနဲ့ အင်တာဗျူး နေခဲ့ပါတယ်။ ဒီအချိန် အင်တာဗျူးကို ရိုက်ကူးနေတဲ့ ရဟတ်ယာဉ်ပေါ်ကနေ ရုတ်တရက် ဝေလငါး အပြာကို ပင်လယ်မျက်နှာပြင်မှာ တွေ့မြင်ခဲ့တယ်လို့ သတင်းထောက် စတိဗ်ဘတ်ရှောကို အချက်ပေးလိုက်ပါတယ်။ သတင်းထောက်က သူအခုကြားနေတာကို မယုံကြည်နိုင်အောင် ဖြစ်သွားပြီး အကြီးဆုံး သတ္တ၀ါဟာ ကမ္ဘာမြေပေါ်မှာ ရှင်သန်နေတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီရုပ်သံကို ဘီဘီစီက တိုက်ရိုက် ထုတ်လွှင့်နေတာဖြစ်ပြီး အင်တာဗျူးအစား ဒိုင်နိုဆောထက် ကြီးမားတဲ့ ဝေလငါးအပြာရဲ့ လှုပ်ရှားမှုကို ထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up