မူးယစ်ဆေးပြား သိန်းချီ နယ်ခြားစောင့်တပ် သိမ်းဆည်းရမိ (ရုပ်သံ)
DVB
·
September 2, 2015
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကောင်းမှုကျေးရွာ ကောင်းခီး (ခေဘောကျိုးတောင်တန်း) မှာ နယ်ခြားစောင့်တပ်က မူးယစ်ဆေးပြား အရေအတွက် သိန်းနဲ့ချီပါတဲ့ သေတ္တာတလုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ပိုင်ရှင်မဲ့အနေနဲ့ သိမ်းဆည်းရမိခဲ့ပေမယ့်လည်း ပိုင်ရှင်ပေါ်ပေါက်ပြီး ဖမ်းမိအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (ဘီဂျီအက်ဖ်) ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။
အခုတခေါက် သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးပြား ၃ သိန်းကျော်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမတကြိမ်တုန်းကလည်း မူးယစ်ဆေးပြား အလုံးရေ ၅ သိန်းကျော် သိမ်းဆည်းရမိသေးခဲ့ပါတယ်။
တင်ဆက်-မျိုးမင်းဦး၊ ရိုက်ကူး ဖိုးစီ