A d v e r t i s e m e n t With Us

နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင်ရေး ရှောင်ရှားနိုင်မှုကြောင့် မြောက်ကိုရီးယား ပြည်သူများ ကြိုဆို

ဆွေးနွေးပွဲတွင်တွေ့ရသည့် တောင်/မြောက် ကိုရီးယား နှစ်နိုင်ငံ တာဝန်ရှိသူများ။ (ဓာတ်ပုံ - dw)
တောင်နဲ့ မြောက်ကိုရီးယားတို့ကြားမှာ အရင်တပတ်က အဆင့်မြင့်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး သဘောတူညီချက် ရရှိခဲ့တာကို မြောက်ကိုရီးယား ပြည်သူတွေက ကြိုဆိုတဲ့အကြောင်း မြောက်ကိုရီးယား အစိုးရအာဘော် ကေအန်စီအေသတင်းမှာ ပြသပါတယ်။ မြောက်ကိုရီးယားသားတယောက်က နှစ်နိုင်ငံကြားမှာ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကို ရှောင်ရှားနိုင်လိုက်တဲ့အတွက် ခေါင်းဆောင်ကြီး ကင်ဂျုံအန်းကို ပိုပြီး ကြည်ညိုလေးစားမိတယ်လို့ ဆိုပါတယ်။ နောက်ထပ် တယောက်ကလည်း နှစ်နိုင်ငံကြားမှာ ခေတ်သစ်တခုကို စာမျက်နှာသစ် ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားတို့ ကြားမှာ ထိပ်သီးအဆင့် ဆွေးနွေးပွဲကို ၂၀၀၀ ခုနှစ်မှာ ပထမဆုံး စတင်ခဲ့ပြီး အဲဒီအချိန်က တောင်ကိုရီးသားသမ္မတ ကင်ဒေးဂျုံနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီတို့ ဦးဆောင်ပြီး နှစ်ဘက်ဆက်ဆံရေး တိုးမြှင့်နိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေဟာ အဲဒီအချိန်က စတင်နိုင်ခဲ့တာပါ။ ငြိမ်းချမ်းရေးအတွက် ကတိပြုတဲ့ ပူးတွဲ ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်နိုင်ခဲ့ကြပါတယ်။ အခုနောက်ဆုံး နယ်စပ်မှာ နှစ်ဘက်တပ်တွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် အဆင့်မြင့် ကိုယ်စားလှယ်တွေ ညှိနှိုင်း သဘောတူညီချက်အရ နှစ်နိုင်ငံကြားမှာ စစ်ရေးအရ ထိပ်တိုက်တွေ့မှုကို အဆုံးသတ်ဖို့အပြင် ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံခွင့်ပေးမယ့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ဖို့  လမ်းဖွင့်ပေးနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up