ရေခဲတောင် ရှုခင်းများ ဓာတ်ပုံအနုပညာပြပွဲ (ဓာတ်ပုံ)
DVB
·
September 2, 2015
အလွတ်တန်း ဓာတ်ပုံပညာရှင် ကိုကျော်သာရဲ့ ရေခဲတောင် ရှုခင်းများဓာတ်ပုံအနုပညာပြပွဲကို နဝဒေးလမ်း ဒဂုံမြို့နယ် Think Art Gallery မှာ ကျင်းပနေပါတယ်။ မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်က ရေခဲတောင် ၃ လုံးကို ခက်ခက်ခဲခဲသွားရောက်ပြီး ရိုက်ခဲ့တဲ့ ရေခဲတောင် အလှအပရှုခင်းများကို တနေရာထဲမှာ ပြည့်ပြည့်စုံစုံ ပြသထားပြီး ဓာတ်ပုံများရောင်းရ ငွေအားလုံးကို ရေဘေးသင့် ဒေသတွေကို အကုန်လှူဒါန်းပေးမှာဖြစ်ပါတယ်။ ပြပွဲကို စက်တင်ဘာလ ၁ ရက်မှ ၆ ရက်ထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆နာရီ အထိ ပြသမှာဖြစ်ပါတယ်။