ဆင်ကျီစားရာ ကားမခံသာ (ရုပ်သံ)

18.1K
သင်မောင်းနေတဲ့ ကားရှေ့မှာ ဆင်ရိုင်းတကောင်ကလာပြီး ပိတ်ထားမယ်။ ကားကို ခြေထောက်နဲ့ နင်း ကိုယ်လုံးနဲ့ ဖိမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ကားပေါ်က ဆင်းပြေးမှာလား။ ကားပေါ်မှာပဲရပ်ပြီး ဆင်ကျီစားတာကို ခံနေမလား။
ထိုင်းနိုင်ငံ အဝေးပြေးလမ်းတနေရာမှာ ဆင်တကောင်က ကားတစီးကို အနှောင့်အယှက်ပေးနေတဲ့ ရုပ်သံဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။
ဒီဆင်က ကားကို ခြေထောက်နဲ့နင်းပြီး ရှေ့ကနေ ပိတ်ထိုင်ဖို့ ကြိုးစားနေတာပါ။ ကားမောင်းသမားက ကားပေါ်က ဆင်းမပြေးပါဘူး။ အခွင့်သာတာနဲ့ တပြိုင်နက် ကားသမားက ကားကို နောက်ပြန်မောင်းပြီး အန္တရာယ်ကင်းရာကို မောင်းထွက်သွားနိုင်ပါတယ်။
ကားရဲ့ ရှေ့ပိုင်းကတော့ ပျက်စီးသွားပါတယ်။