ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဂျပန်လူမျိုးများ ဆုမွန်ကောင်းတောင်း
DVB
·
June 19, 2011
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မွေးနေ့ကို ဂျပန်လူမျိုးများက ဆုမွန်ကောင်းတွေ ပေးပို့လိုက်ကြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့စဉ်းစားပုံ အတွေးအခေါ် အယူအဆတွေက အာရှတိုက်မှာ ကျယ်ပြန့်လာနေတယ်လို့ ပြောကြားလိုက်ကြပါတယ်။
[caption id="attachment_11040" align="alignleft" width="310" caption="အရှေ့တောင်အာရှ သမိုင်းပါမောက္ခ ဒေါက်တာ နေမိုးတိုးစံ (ဆိုဖီယာတက္ကသိုလ်)"][/caption]
ဒေါ်အောင်ဆန်းစုကြည် ရေးသားပြုစာထားတဲ့ the voice of burma စာအုပ်ကို ဆိုဖီယာတက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ အရှေ့တောင်အာရှ သမိုင်းပါမောက္ခ ဒေါက်တာနေမိုးတိုးစံက “ဒေါ်အောင်ဆန်းစုကြည် ဟက်ပီဘတ်ဒေး။ ၆၆ ကြိမ်မြောက်မွေးနေ့ကို အထူး ဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမားရေးကို စိတ်ပူနေပါတယ်။ ကျန်းမာရေး အထူးဂရုစိုက်ပါခင်ဗျ။”လို့ ပြောပါတယ်။
ဂျပန် နိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာအဖွဲ့ချုပ်ကြီးရဲ့ လူ့အခွင့်အရေးဌာနက အမျိုးသမီး ဘုန်းတော်ကြီး မဂျီမ ဂျိုခေးအီစံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စဉ်းစားပုံ အတွေးအခေါ် အယူအဆတွေက မြန်မာပြည်မှာသာမက အာရှတိုက်သားတွေ အပေါ်မှာပါ ပိုမို ပျံနှံ့လွှမ်းမိုးလာမယ်ဆိုတာ မိမိအနေနဲ့ ယုံကြည်ကြောင်း ပြောပါတယ်။
CHU O တက္ကသိုလ်မှာ လူအခွင့်အရေးဘာသာရပ် သင်ကြားပေးနေတဲ့ ဆရာ ဦးရွှေဘ (ခေါ်) တနဘဲစံ ကလည်း “ကျနော် ဂျပန်နိုင်ငံကနေ ဆန္ဒပြုချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ။ ကျန်းကျန်းမာမာ ရှိပါစေ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့အတူ မြန်မာပြည်ကို ဒီမိုကရေစီကျတဲ့ ပြည်ထောင်စုနိုင်ငံအနေနဲ့ ပြန်လည်ထူထောင်နိုင်မယ်လို့ ကျနော်အနေနဲ့ မျှော်လင့်ကြောင်း ပြောချင်ပါတယ်ခင်ဗျ။”