အပြောင်းအရွှေ့ရာသီ ပရီးမီးယားလိဂ် ကလပ်များ ပေါင် သန်း ၈၇၀ သုံး

ကယ်ဗင်ဒီဘရိုင်း(၀ဲစွန်)၊ အန်သိုနီမာရှယ်(လယ်) နှင့် စတာလင်(ယာ)။ ဓာတ်ပုံ - ဘီဘီစီ
1.1K
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ကစားသမား အပြောင်းအရွှေ့အတွက် ပေါင်သန်း ၈၇၀ သုံးခဲ့ပါတယ်။
ဒါဟာ အရင်နှစ် အပြောင်းအရွှေ့ကာလက သုံးခဲ့တဲ့ ပမာဏာထက် ၄ ရာခိုင်နှုန်း ပိုနေပါတယ်။
ဒီနှစ်မှာတော့ မန်စီးတီးက အများဆုံးအသုံးပြုခဲ့ပြီး ဂျာမနီ ဘွန်ဒစ်လီဂါအသင်း ၀ုဖ်ဘတ်က ကယ်ဗင်ဒီဘရိုင်းကို ပေါင် ၅၅ သန်း၊ လီဗာပူးက စတာလင်ကို ပေါင် ၄၉ သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကတော့ မိုနာကို ဆယ်ကျော်သက် အန်သိုနီ မာရှယ်ကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးကလည်း စတာလင် ရောင်းချလို့ ရတဲ့ငွေနဲ့ ကစားသမား ၇ ဦးအထိ ခေါ်ယူခဲ့ပါတယ်။
ဒီအထဲမှာ ဘန်တီကီကို ပေါင် ၃၂ ဒသမ ၅ သန်း၊ ရောဘတ်တို ဖာမီနိုကို ပေါင် ၂၉ သန်းနဲ့ နသန်နယ် ကလင်းကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။
တန်းတက် ၀တ်ဖို့ဒ်အသင်းကတော့ ကစားသမား ၁၅ ဦးအထိ ခေါ်ယူလိုက်ပါတယ်။
အပြောင်းအရွှေ့ သတ်မှတ်နောက်ဆုံးရက်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ပေါင် သန်း ၉၀ အထိ သုံးခဲ့ပါတယ်။
အပြောင်းအရွှေ့ကာလမှာ အီတလီ စီးရီးအေက ပေါင် ၄၀၅ သန်း၊ စပိန် လာလီဂါက ပေါင် သန်း ၄၀၀၊ ဂျာမနီ ဘွန်ဒစ်လီဂါက ပေါင် သန်း ၂၉၀ နဲ့ ပြင်သစ် လိဂ်ဝမ်းကတော့ ပေါင် သန်း ၂၂၀ အသုံးပြုခဲ့ပါတယ်။