A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည်​မွေး​နေ့​အတွက် ဂျပန်လူမျိုး​များ​ ဆုမွန်​ကောင်း​တောင်း

အေရှ့ေတာင်အာရှ သမိုင်းပါေမာက္ခ ဒေါကျတာ နေမိုးတိုးစံ (ဆိုဖီယာတက်ကသိုလျ)
ဇွန်လ ၁၉ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ လူထုခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ၆၆ နှစ်​မွေး​နေ့​ကို ဂျပန်လူမျိုး​များ​က ဆုမွန်​ကောင်း​တွေ ​ပေး​ပို့​လိုက်ကြပြီး​ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့​စဉ်း​စား​ပုံ အ​တွေး​အ​ခေါ် အယူအဆ​တွေက အာရှတိုက်မှာ ကျယ်ပြန့်​လာ​နေတယ်လို့​ ​ပြောကြား​လိုက်ကြပါတယ်။ [caption id="attachment_11040" align="alignleft" width="310" caption="အရှေ့တောင်အာရှ သမိုင်းပါမောက္ခ ဒေါက်တာ နေမိုးတိုးစံ (ဆိုဖီယာတက္ကသိုလ်)"][/caption] ဒေါ်​အောင်ဆန်း​စုကြည် ​ရေး​သား​ပြုစာထား​တဲ့​ the voice of burma စာအုပ်ကို ဆိုဖီယာတက္ကသိုလ်မှာ သင်ကြား​ပေး​နေတဲ့​ အ​ရှေ့​တောင်အာရှ သမိုင်း​ပါ​မောက္ခ ​ဒေါက်တာ​နေမိုး​တိုး​စံက “​ဒေါ်​အောင်ဆန်း​စုကြည် ဟက်ပီဘတ်​ဒေး​။ ၆၆ ကြိမ်​မြောက်​မွေး​နေ့​ကို အထူး​ ဂုဏ်ပြုလိုက်ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကျန်း​မား​ရေး​ကို စိတ်ပူ​နေပါတယ်။ ကျန်း​မာ​ရေး​ အထူး​ဂရုစိုက်ပါခင်ဗျ။”လို့​ ​ပြောပါတယ်။ ဂျပန် နိုင်ငံလုံး​ဆိုင်ရာဗုဒ္ဓဘာသာအဖွဲ့​ချုပ်ကြီး​ရဲ့​ လူ့​အခွင့်​အ​ရေး​ဌာနက အမျိုး​သမီး ​ဘုန်းတော်ကြီး​ မဂျီမ ဂျို​ခေး​အီစံက ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ စဉ်း​စား​ပုံ အ​တွေး​အ​ခေါ် အယူအဆ​တွေက မြန်မာပြည်မှာသာမက အာရှတိုက်သား​တွေ အ​ပေါ်မှာပါ ပိုမို ပျံနှံ့​လွှမ်း​မိုး​လာမယ်ဆိုတာ မိမိအ​နေနဲ့​ ယုံကြည်​ကြောင်း​ ​ပြောပါတယ်။ CHU O တက္ကသိုလ်မှာ လူအခွင့်​အ​ရေး​ဘာသာရပ် သင်ကြား​ပေး​နေတဲ့​ ဆရာ ဦး​ရွှေဘ (​ခေါ်) တနဘဲစံ ကလည်း​ “​ကျ​နော် ဂျပန်နိုင်ငံက​နေ ဆန္ဒပြုချင်ပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည် သက်​တော်ရာ​ကျော်ရှည်ပါ​စေ။ ကျန်း​ကျန်း​မာမာ ရှိပါ​စေ။ မြန်မာနိုင်ငံသူ နိုင်ငံသား​တွေနဲ့​အတူ မြန်မာပြည်ကို ဒီမိုက​ရေစီကျတဲ့​ ပြည်​ထောင်စုနိုင်ငံအ​နေနဲ့​ ပြန်လည်ထူ​ထောင်နိုင်မယ်လို့​ ကျ​နော်အ​နေနဲ့​ ​မျှော်လင့်​ကြောင်း​ ​ပြောချင်ပါတယ်ခင်ဗျ။”

A d v e r t i s e m e n t With Us

More News
Up