ထိုင်းထီ လည်ရောင်းသူ အမျိုးသမီး ဘတ် ၁၈ သန်းဖိုးပေါက်

ဓာတ်ပုံ - thairath
3.6K
ထိုင်းအစိုးရ အောင်ဘာလေထီ ကြေညာလိုက်တဲ့ စက်တင်ဘာ ၁ ရက်နေ့ ပေါက်ဂဏန်းတွေထဲမှာ ထိုင်းနိုင်ငံအလယ်ပိုင်း အန်ထောင်းခရိုင် အန်ထောင်းမြို့မှ လမ်းလျှောက်ပြီး ထီလည်ရောင်းသူ အမျိုးသမီး ဘတ် ၁၈ သန်းဖိုး ပေါက်သွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
အသက် ၄၀ နှစ်ရွယ်ရှိ နန်းနုတ်လိတ် မိုဖိုင်ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း လွေးခရိုင် ၀မ်းဆဖုန်းမြို့နယ် ဆိုင်းခေါင်ရွာကဖြစ်ပြီး အန်ထောင်းမှာ ထီလည်ရောင်းနေတာ နှစ်အတန်ကြာပြီလို့ ဆိုပါတယ်။
ဒီအပတ်မှာ အိပ်မက်ကောင်းတွေ မက်မြင်တဲ့အတွက် ထီ ၅ စုံကို မိမိအတွက် သိမ်းထားကြောင်း၊ သြဂုတ်လ ၃၁ ရက်နေ့က ဖောက်သည်တဦးက တောင်းဝယ်တဲ့အတွက် သူ့ကို ၂ စုံရောင်းပေးပြီး ၃ စုံချန်ထားရာမှာ အဲဒီ ၃ စုံလုံး ပထမဆုပေါက်ခဲ့တာလို့ အန်ထောင်းရဲစခန်းမှာ သွားရောက်သတင်းပို့စဉ် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။