A d v e r t i s e m e n t With Us

ချဲလ်ဆီး အသင်း နောက်ခံလူ ၂ ဦးခေါ်

ပါပီ ဒီဂျေလိုဘိုဂျစ်
အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီး အသင်းဟာ ဆီနီဂေါ နောက်ခံလူ ပါပီ ဒီဂျေလိုဘိုဂျစ်နဲ့ ဂျမေကာနောက်ခံလူ မိုက်ကယ်ဟက်တာတို့ကို ခေါ်ယူလိုက်ပါတယ်။ ဒီဂျေလိုဘိုဂျစ်ကို ပြင်သစ် နန့်အသင်း၊ ဟက်တာကိုတော့ ရီဒင်းအသင်းကနေ ပေါင် ၄ သန်းစီနဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဒီဂျေလိုဘိုဂျစ်ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပြီး အသက် ၂၃ နှစ်ရှိ ဗဟိုနောက်ခံလူ ဟက်တာက ၅ နှစ်စာချုပ်နဲ့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အင်္ဂလန် နောက်ခံလူ ဂျွန်စတုံးကို ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့လို့ ဒီ ၂ ဦးကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က နန့်ကို ရောက်လာတဲ့ ဒီဂျေလိုဘိုဂျစ်ဟာ အသင်းအတွက် ၁၈၃ ပွဲ ကစားပေးထားပါတယ်။ ဟက်တာကတော့ မီဝေါအသင်းနဲ့ ဘောလုံးသမားဘ၀ကို စတင်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာ ရီဒင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဟက်တာက ချဲလ်ဆီးနဲ့ သဘောတူခဲ့ပေမယ့် ပြန်အငှားချတာကြောင့် ရီးဒင်းအသင်းမှာပဲ လက်ကျန် ဘောလုံးရာသီကို ကုန်ဆုံးရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up