ပြင်သစ်တွင် မုန်တိုင်းကြောင့် လူ ၂ ဦးသေဆုံး (ရုပ်သံ)

4K
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကြမ်းတမ်းတဲ့မုန်တိုင်းကြောင့် ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဒေသတွင်း အကြီးအကျယ် ပျက်စီးမှုတွေကြောင့် လူအယောက် ၈ သောင်း ၇ ထောင်လောက်ဟာ လျှပ်စစ်မီး မရှိဘဲ နေခဲ့ရပါတယ်။
လေပြင်းတွေက ၁ နာရီ ၁၀၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့လို့ တူလူဇယ်ခရိုင် မွန်တိုဘုံမြို့မှာ သစ်ပင်တွေ အမြစ်ပါ ကျွတ်လဲပြီး ကားတွေနဲ့ အမိုးတွေ ပျက်စီးခဲ့ပါတယ်။
ဘူလ်ဂေးရီးယားနိုင်ငံသား လော်ရီကားမောင်းသူက ယာဉ်ရပ်နားစခန်းမှာ သေဆုံးခဲ့ပြီး အမျိုးသမီးငယ်တယောက် သူကားပေါ် သစ်ပင်ပြိုကျခဲ့လို့ သေဆုံးပါတယ်။
မုန်တိုင်းကြောင့် သစ်ပင်က ဓာတ်ငွေ့တိုင်ကီပေါ် လဲကျခဲ့လို့ မွန်တိုဘုံမြို့က စက်ရုံတရုံ ကြီးမားတဲ့ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
သြဂုတ် ၃၁ ရက်နေ့ညတုန်းက နိုင်ငံအနောက်တောင်ဘက် ဒေသတလွှား လုပ်ဆောင်ချက် အကြိမ်ရေ ၁၂၀၀ အထိ ဆော်သြခဲ့ရတယ်လို့ မီးသတ်သမားတွေက ပြောခဲ့ပါတယ်။