အင်တာကွင်းလယ်လူ ဟာနာနက်စ်ကို ဂျူဗင်တပ် ခေါ်

ဓာတ်ပုံ - ရိုက်တာ
အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ ကွင်းလယ်ကစားသမား ဟာနာနက်စ်ကို အင်တာမီလန်ကနေ ခေါ်ယူလိုက်ပါတယ်။ အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်က ပေါင် ၈ သန်းပေးပြီး ဘရာဇီးကွင်းလယ်လူ ဟာနာနက်စ်ကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ အပြောင်းအရွှေ့ ပိတ်ကာနီးမှာ လက်ရှိချန်ပီယံ ဂျူဗီက ကွင်းလယ်အားဖြည့်တဲ့အနေနဲ့ ခေါ်ယူထားတာပါ။ ဒါ့အပြင် ပြင်သစ်ကလပ် မာဆေးက ကွင်းလယ်ကစားသမား မာရီယို လီမီနာကိုလည်း တနှစ်အငှားစာချုပ်နဲ့ အားဖြည့်ထားပါတယ်။ နည်းပြ အယ်လီဂရီရဲ့ ဂျူဗင်တပ်အသင်းဟာ အဓိက ကွင်းလယ်လူတွေဖြစ်တဲ့ ဗီဒယ်၊ ပီယာလိုတို့ကို ထုတ်ရောင်းထားပြီး နောက်ပိုင်းမှာ အခုလို လူသစ်တွေကို ခေါ်ယူထားတာပါ။ လောလောဆယ် ဂျူဗီအသင်းဟာ စီးရီးအေး အမှတ်ပေးလိဂ် ပွဲဦးထွက် ၂ ပွဲစလုံးမှာ ရှုံးပွဲတွေ့ထားပါတယ်။

More News
Up