ၾသစေၾတးလ် မြို့လယ် ကွန်ဖူးသင်တန်းကျောင်း မီးလောင် (ရုပ်သံ)
သြစတြေးလျနိုင်ငံ အက်ဒယ်လိဒ်မြို့လယ်က ကွန်ဖူးသင်တန်းကျောင်း စက်တင်ဘာ ၁ ရက်နေ့က မီးလောင်ခဲ့လို့ အဆောက်အဦ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်၊ လူ ၄ ဦး ဆေးရုံတင်ခဲ့ရပြီး ၁ ဦးကို အခင်းဖြစ်ရာမှာတင် ကုသပေးခဲ့ရတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
မီးဟာ ဘုံကျောင်းမြေညီထပ် ယာဉ်ရပ်နားစခန်းမှာ စတင်လောင်ကျွမ်းခဲ့တာပါ။
မီးသတ်ကား ၂၅ စီးနဲ့ မီးသတ်သမား အယောက် ၈၀ ကျော် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြို့ရဲ့ ကြော်ငြာသတင်းစာက ဆိုပါတယ်။
အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ရဲ့ မီးသတ်ပိုက်က ထွက်လာတဲ့ ရေဖိအားကြောင့် အနားက အဆောက်အဦ အမိုးလည်း ပြိုကျခဲ့တယ်လို့ သတင်းစာက အစီရင်ခံပါတယ်။
မီးကို ထိန်းချုပ်နိုင်ပြီလို့ စက်တင်ဘာ ၂ ရက်နေ့ နှောင်းပိုင်းမှာ သြစတြေးလျတောင်ပိုင်း မြို့တော် မီးသတ်တပ်ဖွဲ့က ကြေညာချက်ထုတ်ပြန် အတည်ပြုပါတယ်။
ဆေးရုံတင်ခဲ့ရတဲ့ လူ ၄ ဦးဟာ မီးခိုးမွှန်ခဲ့တာပါ။
မီးလောင်ရတဲ့ အကြောင်းရင်းက မရှင်းလင်းသေးလို့ စုံစမ်းစစ်ဆေးသူတွေ စစ်ဆေးမှု စတင်တော့မှာ ဖြစ်ပါတယ်။