ဗန်ဂါးလ်နှင့် ပြဿနာဖြစ်၍ မန်ယူမှ ထွက်ခွာခဲ့ရကြောင်း ဒီမာရီယာ ပြော

4.2K
မန်ယူနည်းပြ ဗန်ဂါးလ်နဲ့ သူနဲ့ကြားမှာ ပြဿ နာများစွာ ရှိခဲ့ပြီး အဲဒီအကြောင်းတွေကြောင့် အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်တယ်လို့ ပီအက်စ်ဂျီကို ပြောင်းသွားတဲ့ မန်ယူကစားသမားဟောင်း ဒီမာရီယာက အီးအက်စ်ပီအန် ရေဒီယိုကို ပြောခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် ဒီမာရီယာကို ရီးရဲလ်အသင်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၉ ဒသမ ၇ သန်းနဲ့ ပြီးခဲ့တဲ့နှစ်က မန်ယူကို ရောက်လာခဲ့တာပါ။
သူနဲ့ ဗန်ဂါးလ်တို့ နှစ်ကြိမ်လောက် အချေအတင်ဖြစ်ခဲ့ကြပြီး သူ ဒဏ်ရာက ပြန်ကောင်းတဲ့ အချိန်မှာ ဗန်ဂါးလ်က သူ့ကို နေရာပြောင်းကစားခိုင်းတဲ့အကြောင်း ဒီမာရီယာက အဲဒီအင်တာဗျူးမှာ ပြောပါတယ်။
ပီအက်စ်ဂျီနည်းပြ လောရန့် ဘလန့်နဲ့ စကားပြောတဲ့အခါမှာ သူ့ကို ရီးရဲလ်မှာကစားတဲ့ နေရာမှာပဲ ကစားစေမယ်လို့ ပြောတဲ့အကြောင်းလည်း သူကပြောပါတယ်။
သူဟာ ပြင်သစ်ကလပ် ပဲရစ် စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) ကလပ်ကို ဘယ်လောက်နဲ့ ပြောင်းရွှေ့လာတယ်ဆိုတာတော့ နှစ်ဘက် ထုတ်မပြောပေမယ့် ပေါင် ၄၄ သန်းဝင်းကျင်နဲ့ ရောက်ရှိလာတာ ဖြစ်နိုင်တယ်လို့  သုံးသပ်မှုတွေ ရှိပါတယ်။