ရှန်ဟိုင်းမှာ ပြန်ပေါ်လာသည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း သမိုင်းဝင်အနမ်း (သတင်းဓာတ်ပုံ)



38K
ရှန်ဟိုင်းမှာ စုံတွဲတွေ နမ်းနေတဲ့ပုံတွေကို မြင်လိုက်ရင် တွေ့ဖူးသလို ဖြစ်နေမှာပါ။
ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန် သမိုင်းဝင်အနမ်း နမ်းနေတာကို ရိုက်ယူထားတဲ့ ဓာတ်ပုံကို ပြန်လည်ပုံဖော်ဖို့ သြဂုတ် ၃၀ ရက်က ရေတပ်နဲ့ သူနာပြုဝတ်စုံတွေကို ၀တ်ဆင်ထားတဲ့ စုံတွဲတွေက ကြိုးစားနေတာပါ။
တကယ်တော့ မူရင်းဓာတ်ပုံက ဂျာမနီ ဓာတ်ပုံဆရာ အဲလ်ဖရက် အိုင်းစတိုင်းစတပ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် တိုင်းစကွဲမှာ ဂျပန်ကို အောင်ပွဲခံနိုင်ခဲ့တဲ့အချိန် အမေရိကန် သင်္ဘောသားတဦးက အဖြူရောင် ၀တ်ဆင်ထားတဲ့ အမျိုးသမီးကို နမ်းနေတာ ပုံဖော်ထားတာ ဖြစ်ပါတယ်။
တရုတ်ကလည်း ဒီနှစ်မှာ ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲကို အောင်မြင်ခဲ့တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲကို စစ်ရေးပြ အခမ်းအနားတွေနဲ့ ကျင်းပဖို့ ရှိနေပါတယ်။
ဒါပေမယ့်လည်း တရုတ်တွေက ဒီအောင်မြင်မှု အခမ်းအနားကို သူ့နည်းသူ့ဟန်နဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - စီစီတီဗွီ