ရဟတ်ယာဉ်ပေါ်မှာ လက်ထပ်သည့် စုံတွဲ (ဓာတ်ပုံ)
DVB
·
September 1, 2015
စိတ်ကူးယဉ်ဆန်တဲ့ လက်ထပ်ပွဲက ဘယ်လိုလေးပါလဲ။ ဟီနန်ခရိုင် ဇန်ဇူးက စုံတွဲတတွဲကတော့ မြို့ပေါ်မှာ ပျံသန်းပြီး လက်ထပ်လိုက်ပါတယ်။
ဒီစုံတွဲဟာ ရဟတ်ယာဉ် ၄ စင်းလိုက်ပါပြီး ဇန်ဇူးမြို့ထဲက စုံတွဲကို ခေါ်ယူပြီး မြို့ပေါ်ကို ပြန်သန်းခဲ့ပြီး ဆင်ခြေဖုံးက မင်္ဂလာပွဲကျင်းပမယ့်နေရာကို သွားရောက်ခဲ့ပါတယ်။
တကယ်တော့ သတို့သားက လေယာဉ်ကုမ္ပဏီမှာ အလုပ်လုပ်ပြီး လက်ထပ်ပွဲကို အများနဲပ မတူအောင် ကျင်းပဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။
တရုတ်သတင်းဌာနက ဖော်ပြတဲ့ ဗွီဒီယိုဖိုင်မှာတော့ လက်ထပ်လက်စွပ်ကို မောင်းသူမဲ့လေယာဉ်က ယူဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလေယာဉ်ပွဲကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၇ သောင်းကျော် ဖြစ်ပါတယ်။