A d v e r t i s e m e n t With Us

ဧရာဝတီတိုင်း နယ်လုံဝန်ကြီး ခန့်အပ်မှုရွှေ့ဆိုင်း (ရုပ်သံ)

ဧရာဝတီတိုင်းဒေသကြီးအတွက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်မှုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တဦးက ဝေဖန်ထောက်ပြလိုက်ပြီးနောက် တိုင်းလွှတ်တော် ဥက္ကဋ္ဌက ရွှေ့ဆိုင်းလိုက်ပါတယ်။ လစ်လပ်နေတဲ့လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာ အစားထိုးခန့်အပ်ဖို့အတွက် သြဂုတ် ၃၁ရက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှုးကြီးကျော်စွာလှိုင်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်ရဲ့ အဆိုပြုချက်အရ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား ဆန္ဒကိုရယူခဲ့ပါတယ်။ သဘောထားဆန္ဒရယူရာမှာ ကိုယ်စားလှယ်အားလုံးနီးပါက ကန့်ကွက်သူမရှိလက်ခံခဲ့ပေမဲ့ ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးကတစ်နာရီသာကြိုသိရတဲ့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ဖို့အချိန်မလုံလောက်ကြောင်းထောက်ပြပြောဆိုခဲ့ပြီး ကြားနေခဲ့တာကြောင့် နယ်လုံ ဝန်ကြီး နေရာ အစားထိုးခန့်အပ်မှုကို ရွှေ့ဆိုင်းခဲ့ပါတယ်။ “ကျမအနေနဲ့ကတော့ ထောက်ခံခြင်းကန့်ကွက်ခြင်းအတွက် လုံလောက်သောအချိန်နဲ့ သတင်းအချက် အလက်မရှိတဲ့အတွက်  ကျမအနေနဲ့ကြားနေပါတယ်”လို့  ဒေါက်တာ လှမြတ်သွေးကလွှတ်တော်မှာပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးကတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးနေရာ အစားထိုးခန့်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်းနဲ့ လက်ရှိ လွှတ်တော် အစည်းဝေးကာလ အတွင်းမှာ ဒီကိစ္စဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အရင် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မောင်မောင်ဝင်းဟာ လေးမျက်နှာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ရှိတာကြောင့် တပ်မတော်က အနားယူခဲ့သလို ၀န်ကြီးရာထူးကနေ လည်းနုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ သတင်း - သော်ဇင်မျိုး

A d v e r t i s e m e n t With Us

More News
Up